အင်းယားစင်တာရှိ ကိုဗစ်လူနာများနဲ့ ဆရာဝန် ဝန်ထမ်းများကို ကိုယ်တိုင်သွားရောက်ကာ အားပေးစကားပြောရင်း ရင်းနှီးစွာတွေ့ဆုံခဲ့တဲ့ ခင်ဝင့်ဝါရဲ့ဗီဒီယိုဖိုင်

ခင်ဝင့်ဝါတစ်ယောက်ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ယူနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ အနုပညာလောကထဲကို မော်လ်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ယခုမှာတော့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူလေးပါ ။

အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက အသဲစွဲနေရသူလည်းဖြစ်ပါတယ်။ရိုးရိုးယဉ်ယဉ်လေးနဲ့လှတဲ့သူမကတော့ အနေအေးပြီးအနုပညာလောကမှာ ပရိသတ်အခိုင်မာရကာ အောင်မြင်မှုကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ အင်းယားစင်တာရဲ့ ဖိတ်ကြားမှုဖြင့် သူမကိုယ်တိုင်သွားရောက်ကာ ကိုဗစ်လူနာများ ဆရာဝန်များနဲ့ ဝန်ထမ်းများကို အားပေးစကားပြောရင်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့တဲ့ဗီဒီယိုလေးကိုဖော်ပြထားတာဖြစ်ပါတယ်။ ဗီဒီယိုလေးနဲ့အတူ “အင်းယားစင်တာ ရဲ့ ဖိတ်ကြားမှုကြောင့် အင်းယားစင်တာ သို့ သွားရောက်အားပေးဖြစ်ခဲ့ပါသည်။အားလုံးအတူတူအားတင်းထားကြရအောင်နော် ” ဆိုတဲ့စာလေးကိုပါဖော်ပြထားရာ ပရိသတ်ကြီးအတွက်မျှဝေပေးရင်း အားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo – Khin Wint Wah,CRD-Yuan – Cele Zone