သုံးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်ဇနီးလေးအရမ်းလိုချင်တဲ့ တန်ဖိုးကြီးနားကပ်လေးကို Surprise လက်ဆောင်ပေးခဲ့တဲ့ အဆိုတော်အာဘွိုင်း

အတူတူနေတဲ့အချိန်တွေကြာလေ သံယောဇဉ်တွေပိုတိုးလေဆိုတာ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံလေးက သက်သေပါပဲ။ ချစ်စရာသမီးလေးကိုပိုင်ဆိုင်ထားပြီးနောက် မိသားစုဘဝလေးဟာ ပိုပြီးပျော်စရာကောင်းလာခဲ့ပါတယ်။ ဖေဖေနဲ့သိပ်တူတဲ့သမီးလေးဟာ အခုချိန်မှာ စကားတွေတီတီတာတာပြောတတ်နေပြီ ဖြစ်ပြီး အားလုံးရဲ့အသည်းကျော်လေးလည်းဖြစ်နေခဲ့ပါတယ်။

သုံးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ရင်ခုန်စရာအမှတ်တရလေးတွေ ဖန်တီးခဲ့ပုံလေးတွေကို ” ဒီနေ့ (၃) နှစ်ပြည့် Anniversary Dinner သွားစားမယ်ဆိုတော့ ကိုကိုကျော် အလုပ်တွေရှုပ်တဲ့ကြားကလိုက်ပို့တယ်။ ဆိုင်ရောက်တော့ ပန်းတွေဘာတွေ စီစဉ်ထားတော့ စိတ်ထဲမှာ ဒီလူကြီး ဒီလောက်တော့ လုပ်ပေးသေးတာပဲပေါ့ ” မဆိုးသေးပါဘူး ” ပေါ့ ခဏကြာတော့ ဓါတ်ပုံ သွားရိုက်မယ် အောက်ထပ်မှာဆိုတော့ ဓါတ်ပုံဆရာ ဓါတ်ဖမ်းနေတုန်း kdrama ထဲက အကွက်တွေ ထလုပ်ပါလေရော ”

” တော်တော်ကြာပြီ မြတ်အရမ်းကြိုက်တယ်လို့ပြောထားတဲ့ နားကပ်လေး အမှတ်မထင် သတိတရ ဝယ်ပြီး Surprise တိုက်လို့ ကျေးဇူးပါ သမီး ၃ယောက် ဖေဖေ Love you my hubby. Happy 3rd Anniversary. Thank you Lord for the gift of marriage and blessings ” ဆိုပြီး မြတ်ကကြည်ကြည်နူးနူးနဲ့ဝေမျှခဲ့ပါတယ်။

Photo – Myat Yadanar Kyaw,CRD-Happy – Cele Zone