အပင်စိုက်နေတဲ့မေမေ့ကို အားကြိုးမာန်တက်နဲ့ကူညီနေတဲ့ နန္ဒာလှိုင်ရဲ့သမီးထွေးလေး ဇေမဒီလှိုင်

သမီးလေးသုံးယောက်ရဲ့မေမေဖြစ်ပြီး မိသားစုဘဝလေးမှာ အေးချမ်းသာယာနေတဲ့ နန္ဒာလှိုင်တစ်ယောက် ဒီနေ့မှာလည်း မယ်ထွေးလေး ကူညီနေတဲ့ပုံလေးတွေကို လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ မေမေ့ကိုသဝန်တိုပြီး ရုပ်ရှင်ပြန်မရိုက်စေချင်တော့ တဲ့ သမီးတွေရဲ့ ဆန္ဒအတိုင်း အနုပညာအလုပ်တွေကိုရပ်နားခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ထူထောင်ခဲ့ပါတယ်။

အလှူအတန်းဆိုလည်းလက်မနှေးတတ်သလို နန္ဒာ့ရဲ့သဘောအတိုင်း အရာအားလုံးကို ဖြည့်ဆည်းပေးတဲ့ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ချစ်စရာသမီးလေးတွေဟာ မေမေ့အတွက် ထီးလေးတွေအဖြစ်နဲ့ အားကိုးနေရပါပြီ။ အငယ်ဆုံး မဒီလေးဟာ လည်း အပင်စိုက်တာဝါသနာပါတဲ့မေမေ့အတွက် အပင်လေးတွေကူပြီးစိုက်ပေးနေခဲ့ပါတယ်။

အနုပညာအလုပ်တွေရပ်နားလိုက်ရတာနဲ့ ထိုက်တန်တဲ့ အေးချမ်းပျော်ရွှင်စရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။ အနုပညာအလုပ်တွေမလုပ်တော့သည့်တိုင်အောင် ပရိသတ်တွေက ချစ်ခင်အားပေးနေဆဲပါပဲ။ ချစ်သမီးလေးနဲ့အတူ အပင်တွေစိုက်ရင်း ကိုယ်လုပ်ချင်တာတွေကို ပျော်ပျော်ကြီးလုပ်နေခဲ့တဲ့ မေမေနန္ဒာရဲ့ဘဝကတော့ အပျော်တွေပြည့်နေခဲ့ပါတယ်။

Photo – Nandar Hlaing,CRD-Happy – Cele Zone