ကံကြမ္မာဆိုးမဝင်ရောက်မီ အချိန်ပိုင်းအလိုက ရိုက်ကူးခဲ့တဲ့ ရှားပါးဓာတ်ပုံမှတ်တမ်းများ

အခုဖော်ပြမယ့် ဓာတ်ပုံတွေမှာတော့ တချို့သောဓာတ်ပုံတွေက ဓာတ်ပုံပိုင်ရှင်တွေရဲ့ နောက်ဆုံးအခိုက်အတန့် ဖြစ်သလို၊ တချို့သောဓာတ်ပုံတွေက ဘေးဆိုးကြီးတွေ မဝင်ရောက်ခင် နောက်ဆုံးအခိုက်အတန့်တွေကို မိမိရရ မှတ်တမ်းတင်ထားနိုင်ခဲ့တာတွေ ဖြစ်ပါတယ်။ အလွန်ရှားပါးတဲ့ ဓာတ်ပုံတွေဖြစ်လို့ တခြားသူငယ်ချင်းတွေ သိအောင်လည်း မျှဝေသွားကြပါဦးနော်။

(၁) Robert Landsberg ရဲ့ Mt. St. Helen မီးတောင် မပေါက်ကွဲခင် ရိုက်ကူးခဲ့တဲ့ဓာတ်ပုံ၊ ဒီဖြစ်စဉ်မှာ သူ အသက်ဆုံးရှုံးခဲ့ပါတယ်

(၂) နောက်မှာရှိနေတဲ့ ကားအနီလေးမှာ ချိန်ကိုက်ဗုံးထောင်ထားတဲ့ ကားဖြစ်ပြီး၊ ဒီဖြစ်စဉ်ကြောင့် (၂၅)ဦး တိမ်းပါးခဲ့ပါတယ်။ သို့ပေမယ့် ဓာတ်ပုံပါ သားအဖကတော့ အသက်ရှင်ခဲ့ပြီး၊ ဓာတ်ပုံဆရာကတော့ ကံမကောင်းခဲ့ပါဘူး

(၃) လေယာဉ်ခိုးစီးတဲ့ (၁၄)နှစ်အရွယ် Keith Sapsford အမည်ရကောင်လေး လေယာဉ်ပေါ်က ပြုတ်ကျနေပုံ။ ဒီပုံကိုတော့ John Gilspin အမည်ရ အမျိုးသားက ကင်မရာအသစ် စမ်းရင်း ရိုက်ကူးနိုင်ခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် Keith ဟာ အမြင့်ပေ(၂၀၀)ကနေ ပြုတ်ကျ ကွယ်လွန်ခဲ့ပါတယ်။

(၄) Columbine High School ကျောင်းသားတစ်ရာကျော်ကို စာသင်နေတဲ့ William Dave Sanders- ကျောင်းတွင်းပစ်ခတ်မှုတွေကြောင့် Dave လည်း ဆုံးပါးခဲ့ရပါတယ်။

(၅) ဥရုဂွေးလေကြောင်း Flight 571 ပေါ်မှာရိုက်ကူးခဲ့တဲ့ နောက်ဆုံးဓာတ်ပုံ။ 13-10-1972 တုန်းက ဖြစ်ပြီး၊ မကြာမီ လေယာဉ်ပျက်ခဲ့ရာ (၄၅)ဦးအနက် (၂၇)ဦး အသက်ရှင်ခဲ့သည်။ အသက်ရှင်သူ (၁၆)ဦးကိုတော့ (၇၂)ရက်ကြာမှ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(၆) သမီးနဲ့ဇနီးကို Mh17 လေယာဉ်မထွက်ခွာမီ နောက်ဆုံးရိုက်ကူး Dave Hally ရဲ့ ဓာတ်ပုံပါ။ ယူကရိန်းနယ်စပ်မှာ အဆိုပါလေယာဉ်ကို ရုှရားတွေက ပစ်ချခဲ့ပြီး၊ တခြားသူပုန်အဖွဲ့တွေက လုပ်တာလို့ လွှဲချခဲ့ပါတယ်။ လေယာဉ်ပေါ်ပါသူ အားလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။

(၇) TransAsia လေကြောင်းလိုင်းပိုင် Flight 235 လေယာဉ် ထိုင်ဝမ် Keelung မြစ်ထဲကို ပျက်မကျခင် ကားတစ်စင်းရဲ့ Dash cam မှ ရိုက်ကူးထားတဲ့ပုံပါ။ လူ(၁၅)ဦးသာ အသက်ရှင်ခဲ့ပါတယ်။

(၈) Gilles Leclerc နဲ့ Marianne Labanane တို့ Eagles Of Death Metal ဖျော်ဖြေပွဲမှာ ဆယ်လ်ဖီဆွဲစဉ်က … မကြာမီ လူရမ်းကား(၄)ဦးဝင်လာပြီး ပစ်ခတ်ခဲ့ရာ လူပေါင်း (၂)ဒါဇင်နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။ Gilles လည်း ကံမကောင်းခဲ့ရှာပါဘူး။

(၉) အိမ်ရာမဲ့တွေအတွက် ရံပုံငွေရှာဖွေပေးခဲ့တဲ့ လူစွန့်စား Robert Overcracker ရဲ့ နောက်ဆုံးအခိုက်အတန့်။ သူဟာ Jet Ski နဲ့ နိုင်ယာဂရာရေတံခွန်ကနေ ခုန်ဆင်းပြခဲ့တာဖြစ်ပြီး၊ လေထီးမပွင့်တဲ့အတွက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

(၁၀) တောင်တက်သမားတစ်ဦး ဝက်ဝံတိုက်ခိုက်ခံရပြီး အသက်မဆုံးရှုံးခင်က နောက်ဆုံးဓာတ်ပုံ

(၁၁) (၂၃၆)ပေအနက်ထိ ရေငုပ်ပြခဲ့တဲ့ လူစွန့်စား Nicholas Mevoli ဖြစ်ပါတယ်။ ရေထဲကနေ ပြန်တက်လာတော့ အိုကေပုံစံ လက်ထောင်ပြခဲ့ပေမယ့် သတိလစ် လဲကျသွားခဲ့ပါတယ်။ နာရီပိုင်းအကြာမှာ အဆုပ်ထဲက ရေကိုမထုတ်နိုင်တာကြောင့် ဆုံးပါးခဲ့ရပါတယ်။

(၁၂) အမည်မဖော်လိုသူ စုံတွဲတစ်တွဲရဲ့ အမှတ်တမဲ့ဓာတ်ပုံလေးပါ။ နောက်မှာ အင်္ကျီအနီဝတ်ထားသူက Ayano Tokumasu ဖြစ်ပြီး၊ ဓာတ်ပုံရိုက်ပြီး သိပ်မကြာမီ နိုင်ယာဂရာရေတံခွန်ထဲကို ခုန်ချခဲ့ပါတယ်။

(၁၃) သြစတီးယား-ဟန်ဂေရီနန်းဆက် လောင်းလျာ Archduke Ferdinand နဲ့ ဇနီးဖြစ်သူ ကြင်ယာတော် Sophie တို့ လုပ်ကြံမခံရမီ ရိုက်ကူးထားသည့်ဓာတ်ပုံ (၁၉၁၄)ခုနှစ်ကဖြစ်သည်။

(၁၄) (၁၉၇၈)ခုနှစ်က Pacific Southwest Airlines ပိုင် Flight 182 လေယာဉ်ဟာ ပုဂ္ဂလိကဂျက်လေယာဉ် Cessna 172 နဲ့ တိုက်မိပြီးနောက် မပျက်ကျမီ

(၁၅) ဂျပန်လေကြောင်းလိုင်း Airlines Flight 123 ပျက်မကျမီက လေယာဉ်ပေါ်ပါသူ (၅၂၀)ဦး ဆုံးပါးခဲ့ပြီး (၄)ဦးသာ လွတ်မြောက်ခဲ့ပါတယ်။

(၁၆) တောထဲမှာ ရက်ပေါင်း(၁၀၀) နေမယ်ဆိုတဲ့ Christopher McCandless ရဲ့ နောက်ဆုံးဓာတ်ပုံပါ။ သူဟာ တောထဲမှာပဲ အစာရေစာငတ်ပြတ်ပြီး ဆုံးပါးခဲ့တာပါ။

(၁၇) လူစွန့်စား Pavel Kashin Parkour ရဲ့ ဟန်ချက်ပျက်ပြီး အောက်ကိုပြုတ်မကျခင် နောက်ဆုံးရိုက်ကူးထားတဲ့ဓာတ်ပုံပါ

(၁၈) ကားတိုက်မှုကြောင့် မကွယ်လွန်ခင် ဆီဖြည့်နေတဲ့ အမေရိကန်မင်းသား James Dean

(၁၉) Concorde လေကြောင်းလိုင်း အင်ဂျင်မီးလောင်ပြီး ပျက်မကျခင် စက္ကန့်ပိုင်းလေးဖြစ်ပါတယ် … လူပေါင်း (၁၁၃)ဦး ကိစ္စချောခဲ့ရပါတယ်

(၂၀) လေဒီဒိုင်ယာနာရဲ့ယာဉ်မောင်းနဲ့ သက်တော်စောင့်၊ နောက်ခန်းမှာက လေဒီဒိုင်ယာနာဖြစ်ပါတယ်။ ပဲရစ်ယာဉ်မတော်တဆမှု မတိုင်မီ ရိုက်ကူးထားတဲ့ပုံပါ။

(၂၁) အမေရိကန် နာမည်ကြီးမင်းသား Paul Walker ကားမတော်တဆမှု မတိုင်မီဖြစ်ပါတယ်။ ဒရိုင်ဘာလည်း ဆုံးပါးခဲ့ရပါတယ်။

(၂၂) မီးရှူးမီးပန်းတွေကြောင့် မီးလောင်မှုမဖြစ်ခင် Great White ရဲ့ ဖျော်ဖြေပွဲပါ။ လူပေါင်း(၁၀၀)ကျော် တိမ်းပါးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

(၂၃) အကျင့်ပျက်ခြစားမှုတွေကြောင့် ပန်ဆယ်ဗေးနီးယားဘဏ္ဍာရေးမှူးဟောင်း R. Budd Dwyer ဖြစ်ပါတယ်။ တရားခွင်စစ်ဆေးနေစဉ် မိမိကိုယ်ကို စီရင်ခဲ့တာပါ။

(၂၄) Space Shuttle Challenger ရဲ့အာကာသယာဉ်မှူး (၇)ဦးပါ။ အာကာသယာဉ် လွှတ်တင်ပြီး (၇၃)စက္ကန့်အကြာမှာ ပေါက်ကွဲပျက်ခဲ့ရာ အားလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။

Ref ; BoredPanda,CRD-လင်းဇော်ကို