မြင့်မြတ်နဲ့ပတ်သက်ပြီး လတ်တလောဖြစ်နေတဲ့ ကောလဟာလတွေအပေါ်မှာ အမှန်တရားစစ်စစ်ကို ချပြသွားခဲ့တဲ့ ယုန်လေး

ကောလဟာလဆိုတာအမျိုးမျိုးထွက်တတ်ပေမယ့် မြင့်မြတ်ရဲ့ကောလဟာလနဲ့ပတ်သက်ပြီး ယုန်လေးတစ်ယောက် ” လူတိုင်းကို အမြင်မတော်ရင်ကူညီနေတဲ့ မြင့်မြတ် သူအဖေ အမေ အရင်းကို ဘာမှမလုပ်ပေးဘူး ကျေးဇူးမသိဘူးဆိုတာဖြစ်နိုင်ပါ့မလား သေချာစဉ်းစား စေချင်ပါတယ် ဝေဖန်တာ မစောစေချင်ပါဘူး တစ်လောကလုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ်သိပါတယ် ချက်ချင်း ဘယ်သူမှဝင်မပြောကြတာ မိသားစုရေးဖြစ်နေလို့ပါ ”

” Excel မှာ အခန်းဝယ်ပေးတယ် ရွှေဂုံတိုင်မှာ ကွန်ဒိုဝယ်ပေးတယ် ဦးအတွက် Crown ဝယ်ပေး တယ် ညီမလေးတွေအတွက် လုပ်ချင်တဲ့အလုပ်လေးတွေသူလုပ်ပေးတယ် ရင်းနှီးပေးတယ် လတိုင်းမိသားစုကိုကန်တော့တာ စိတ်ထဲကမှန်းကြည့် ဘယ်လောက်ဖြစ်နိုင်မလဲ မှန်းကြည့်တာ ထက် (၃) ဆလောက်များပါတယ် Covid အချိန်ကာလမှာ သူလည်းအခက်ခဲပေါင်းများစွာ ရှိပါတယ် စိတ်ညစ်စရာများစွာရှိပါတယ် အဲ့ဒါကြောင့် အရင် Live မလွှင့် Fb မသုံးတဲ့လူ စိတ်ထွက်ပေါက်အနေနဲ့ သူသီချင်းတွေ အော်ဆိုတယ် ကပြတယ် အလွတ်ပျော်ပျော်နေတယ် ပရိတ်သတ်လည်းပျော်တယ် သူလည်းပျော်တယ် ”

 

” သူ့စီမှာလည်း စိတ်ရှုပ်စရာတွေအရမ်းများပါတယ် သူလူတိုင်းကို မပြောတတ်ဘူး ကျွန်တော်ပြောလည်း စိတ်ညစ်တာပဲရှိမှာပါ ဆိုပြီး သူပြောနေကျစကား (အချိန်တန်ရင် သူဟာသူဖြစ်သွားလိမ့်မယ်) ပြောပြီး အမြဲတန်းရယ် အဲ့ဒါကြောင့် သူဖုန်းပိတ်ထားတာ များပါတယ် ဘယ်မှလည်းမသွားဘူး အိမ်မှာပဲရှိပါတယ် ကျွန်တော်တို့တွေ့ချင်လည်း အိမ်ပဲသွားတာ အရေးကြီးတဲ့အချိန် ဆက်မယ် ဆိုလည်းဘယ်သူဆက်ဆက် Manager နဲ့ သူ့ဘေးနားရှိတဲ့ ညီလေးစီဆက်ရင် မြင့်မြတ်ကိုယ်တိုင်မကိုင်တာမှမရှိတာ ဦး Taxi မောင်းတာ လည်း ကားဝယ်ထဲက နံပါတ်အနီဝယ်တာ အလုပ်မရှိရင်ပျင်းလို့ ဒီတိုင်း မောင်းနေတာ ကျွန်တော့်ကို ဦးကိုယ်တိုင် ပြောဖူးပါတယ် မိသားစုတွေ နားလည်မှု ခဏလွဲတယ်လို့ပဲ မြင်ပါတယ် ” ဆိုပြီး အသေးစိတ်ပြောပြလာခဲ့ပါတယ်။

Photo – Myint Myat,CRD-Happy – Cele Zone