ကားတစ်စီးအပြင် ငွေကျပ် (၅) သိန်းကို ရှင်သန်ရေးပရဟိတကူညီမှုအဖွဲ့ဆီ လှူဒါန်းပေးခဲ့တဲ့ ထွန်းအိန္ဓြာဗိုလ်ရဲ့မိခင်

အလှူအတန်းသိပ်လုပ်ချင်တဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကို ထွန်းအိန္ဒြာဗိုလ်တို့မောင်နှမတွေက အမြဲလိုလိုဖြည့်ဆည်းပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း မိခင်ကြီးတဲ့ဆန္ဒအတိုင်း မောင်နှမတွေအားလုံးနဲ့ တခြားအလှူရှင်တွေပေါင်းပြီး အားလုံးရဲ့စုပေါင်း အလှူအဖြစ်နဲ့ ဆေးကျောင်းသား (၂၃) ယောက်ကို ပညာသင်ဆုထောက်ပံ့ပေးခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့နှစ်တွေက ရှင်သန်ရေးကူညီမှုအသင်းကို ကားတစ်စီးလှူဒါန်းခဲ့ပြီး ဒီနေ့မှာလည်း လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါ ကာကွယ်ရေးအတွက် ငွေကျပ် (၅) သိန်း ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။ မိဘကိုစိတ်ချမ်းသာအောင်ထားတဲ့ သားသမီးတွေရှိတာမို့ မေမေခင်ရဲ့ဘဝဟာ ဘုရားတရားနဲ့ အလှူအတန်းကို သေသေချာချာလေးလုပ်နိုင်ခဲ့ပါတယ်။

 

မိခင်ကြီး ဒါနပြုခဲ့တဲ့ပုံရိပ်တွေကို ” ရှင်သန်ရေးကူညီမှု အသင်းသို့ မေမေ့ရဲ့ ကပ်ရောဂါ ကာကွယ်ရေး အလှူပါရှင် ” ဆိုပြီး ထွန်းအိန္ဒြာဗိုလ်က ဝေမျှခဲ့ပါတယ်။ သိတတ်လိမ္မာတဲ့ သားသမီးတွေပိုင်ဆိုင်ထားလို့ ကောင်းမှုကုသိုလ်တွေအများကြီးလုပ်နိုင်တာ ကျေနပ်စရာပါပဲ။

Photo – Mi Mi Khine,CRD-Happy – Cele Zone