ဘယ်သူနဲ့မှအဆင်မပြေတဲ့ အသားစားလူရိုင်းတွေနဲ့ ထူးဆန်းစွာ ခင်မင်ခွင့်ရခဲ့တဲ့အမျိုးသမီး

လွန်ခဲ့တဲ့ (၂၉)နှစ်က လူသားစားလူရိုင်းတွေနဲ့ ထူးဆန်းစွာ ခင်မင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ပါတယ်။ သူမရဲ့နာမည်ကတော့ Madhumala Chattopadhyay ဖြစ်ပြီး အိန္ဒိယမနုဿဗေဒပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ အသားစားလူရိုင်းမျိုးနွယ်တွေနဲ့ ခင်မင်ရင်းနီးစွာ ဆက်ဆံခွင့် ရခဲ့ပါတယ်။ လူရိုင်းမျိုးနွယ်တွေဟာ အလွန်ကြမ်းကြုတ်တဲ့ ဆန်တီလိစ်လူရိုင်းတွေပါ။

သူတို့ဟာ မြောက်ဆန်တီနယ်ကျွန်းမှာ နေထိုင်ကြပြီး၊ ကျွန်းကို ဘယ်သူမှ ကပ်ခွင့်လာရောက်ခွင့် မပေးပါဘူး။ အိန္ဒိယရေတပ်သည်ပင် အနားကပ်ခွင့်မရတဲ့ ကျွန်းဖြစ်ပါတယ်။ အိန္ဒိယအစိုးရကလည်း အဲဒီကျွန်းအနီး ချဉ်းကပ်သူတွေကို ဥပဒေအရ အရေးယူပါတယ်။ ဆန်တီလိစ်လူရိုင်းတွေဟာ လွန်ခဲ့တဲ့(၂)နှစ်က အမေရိကန်သာသနာပြု John Allen Chau ကို သုတ်သင်ပြီး ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။

ဒီလောက်အထိ ရက်စက်တဲ့ ဆန်တီလိစ်တွေနဲ့ ခင်မင်ရင်းနီးခွင့်ရခဲ့သူကတော့ Madhumala တစ်ဦးတည်းသာရှိခဲ့ပါတယ်။ သူမဟာ ကမ္ဘာ့အန္တရာယ်အများဆုံး လုပ်ရပ်တွေကို လုပ်ခဲ့တာဆိုပေမယ့် ဆန်တီလိစ်တွေကတော့ သူမရဲ့အသက်ကို ရန်ရှာခြင်း မပြုခဲ့ပါဘူး။ သူမဟာ အခုဆို အသက်(၅၉)နှစ် ရှိပြီဖြစ်ပြီး၊ မနုဿဗေဒဆိုင်ရာပါရဂူဘွဲ့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီစွန့်စားခန်းတွေကတော့ သူမ အသက်(၃၀)အရွယ်မှာ ပြုလုပ်ခဲ့တာတွေပါ။

(၂)

(၃)

(၄)

(၅)

(၆)

(၇)

(၈)

(၉)

(၁၀)

 

(၁၁)

(၁၂)

(၁၃)

Ref ; BoredPanda,CRD-လင်းဇော်ကို