ယောင်္ကျားဖြစ်သူကိုပြန်သတ်တဲ့ သတင်းတွေဖတ်ပြီး ကြောက်ကြောက်နဲ့ မိန်းမကို အပီအပြင်တွေချုပ်နေရှာတဲ့ ကိုပေါက်ရဲ့အခွီဗီဒီယိုဖိုင်လေး

ဇာတ်ရုပ်ပေါင်းစုံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်ဒါရိုက်တာကြီးကိုပေါက်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ရှေးဝါရင့် သရုပ်ဆောင်ကြီးများစွာနှင့်အတူ ပူးပေါင်းသရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့ အပြင် လက်ရှိနာမည်ကြီး ဒါရိုက်တာကြီးတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေအခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။

ကိုပေါက် ဟာဆိုရင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်သလို စိတ်သဘောထား ပြည့်ဝတာကိုလည်းတွေ့ရပါတယ်။ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း နောက်ထပ် ဖန်တီးရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။ပရိသတ်တွေ အားကျနေရတဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစု လေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်လည်း မွေးဖွားထားပါသေးတယ်။

ကိုပေါက်ကတော့ အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် ဟာသ tik tok ဗီဒီယိုလေးတွေကို အမြဲတင်ပေးလေ့ရှိတာလည်းဖြစ်ပါတယ်။အခုလည်း ယောင်္ကျားဖြစ်သူကိုပြန်သတ်တဲ့ မူခင်းသတင်းတွေဖတ်ပြီး ကြောက်ကြောက်နဲ့ မိန်းမကို ပိုက်ဆံတွေဇွတ်ထုတ်ပေးနေတဲ့ ဟာသအခွီဗီဒီယိုလေးကိုဖော်ပြထားရာ ကြည့်ပြီး ရယ်နေရတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ရယ်မောအပန်းပြေနိုင်စေရန် ကိုပေါက်ရဲ့ ဟာသဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။

Photo – Aung Min Naing,CRD-Yuan – Cele Zone