ဒီနေ့မနက်မှာပဲ ကိုဗစ်ရောဂါနဲ့ ဘဝတစ်ပါး ကူးပြောင်းသွားခဲ့တဲ့ ဟာသ လူရွှင်တော် မင်းသားကြီး ဦဧရာ

ရယ်စရာဟာသ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ဦးဧရာလည်း အပါအဝင်ပါပဲနော် ။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ဟာသအနုပညာရှင်တစ်ဦးဖြစ်ပြီး ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အချစ်ကိုရရှိထားသူပါ ။

အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်း ဗီဒီယိုဇာတ်ကားကောင်းများစွာ ကြော်ငြာတွေတော်တော်များများနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားတာလည်းဖြစ်ပါတယ်။

မကြာခင်ကလည်းကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ဆေးရုံတက်ကုသနေရပြီး ရောဂါအခံကလည်းရှိနေတာကြောင့် ဒီနေ့မနက်မှာတော့ ကွန်လွန်သွားခဲ့ကြောင်း အောင်သော်ရဲ့ အကောင့်လေးမှာ အခုလိုဖော်ပြခဲ့ပါတယ် ။” လေးစားချစ်ခင်ရပါသော ဆရာကိုဧရာ ကျွန်တော်ပြုအပ်သော ကုသိုလ်ကောင်းမှုအစုစုကို အမျှအတန်းပေးဝေပါတယ် ။ရောက်ရာ ဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ ဆရာ ။ဓာတ်ပုံကို မိသားစုဆီမှ ခွင့်တောင်းပြီးတင်တာပါ ” ဆိုပြီးရေးသားထားရာ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော် ဦးဧရာရဲ့သတင်းလေးကို ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါရစေ။

Photo – Aung Thaw,CRD-Yuan – Cele Zone