ကမ္ဘာကျော်ဟာသဘုရင်ကြီး ချာလီချက်ပလင်ရဲ့ နှုတ်ခမ်းမွေးမပါတဲ့ ဓာတ်ပုံများစုစည်းမှု

ချာလီချက်ပလင်လို့ ပြောလိုက်တာနဲ့ လမ်းလျှောက်တုတ်ကောက်၊ နှုတ်ခမ်းမွေး မလောက်လေးမလောက်စားလေးနဲ့ လူတွေကို အရယ်ဖျော်ခဲ့တဲ့ ဟာသသရုပ်ဆောင်တစ်ဦးအဖြစ် မှန်းမြင်ကြမှာပါ။ ချာလီချက်ပလင်ရဲ့ နှုတ်ခမ်းမွေးဟာ အတုဖြစ်ပြီး၊ ထိုခေတ်ထိုအခါက တန်ခိုးထွားလွန်းတဲ့ နာဇီခေါင်းဆောင် ဟစ်တလာကို သရော်ဖို့ ုသုံးစွဲခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် တခြားအကြောင်းတစ်ခုမှာတော့ တစ်ခုသော ဇာတ်ဝင်ခန်းအတွက် ဝတ်စုံစမ်း ဝတ်ဆင်ကြစဉ်၊ ချာလီဟာ ဦးထုပ်၊ လမ်းလျှောက်တုတ်ကောက်နဲ့ အဝတ်အစုတ်အပြတ် ဝတ်ဆင်ပြီး၊ တစ်ခုခု လိုနေတယ်ထင်လို့ နှုတ်ခမ်းမွေး အတိုအနှံ့လေး ကောက်တပ်လိုက်ရာ၊ အတူသရုပ်ဆောင်သူတွေက ဒါမျိုးက ပိုပြီးရယ်စရာကောင်းလိမ့်မယ်လို့ ထောက်ခံချက်ပေးခဲ့ရာက အဲဒီစတိုင်နဲ့ စွဲစွဲမြဲမြဲ သရုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

(၁)

ချာလီဟာ သရုပ်ဆောင်လောကမှာ အလွန်ပေါက်မြောက်ခဲ့သူဖြစ်သလို၊ ဗြိတိန်ဘုရင်မကြီးက ပေးအပ်တဲ့ Knight Commander of the Most Excellent Order of the British Empire (KBE) ဘွဲ့နဲ့ အောက်စဖို့တက္ကသိုလ်နဲ့ ဒါရမ်တက္ကသိုလ်က ပေးတဲ့ Doctor of Letters (ဒေါက်တာဘွဲ့)တွေကိုပါ ရရှိခဲ့ပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဆုတံဆိပ်တွေကတော့ မရေတွက်နိုင်အောင် များလှပါတယ်။

အခု ဖော်ပြချင်တဲ့ ပုံတွေကတော့ ချာလီရဲ့ နှုတ်ခမ်းမွေးမပါတဲ့ ဓာတ်ပုံတွေ သီးခြားစုစည်းထားတာ ဖြစ်ပါတယ်။

(၂)

(၃)

(၄)

(၅)

(၆)

(၇)

(၈)

(၉)

(၁၀)

(၁၁)

(၁၂)

Ref ; BoredPanda,CRD-လင်းဇော်ကို