ချစ်သုဝေနဲ့အပြိုင်မျက်နှာတွေမျိုးစုံပြောင်ကာ အခွီပုံတွေလုပ်နေတဲ့ ခေတ်နဲ့သစ်

အနုပညာလောကမှာအောင်မြင်မှုများစွာ ဆွတ်ခူးနေတဲ့ ချစ်သုဝေကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ အရည်အချင်းများစွာရှိတဲ့ အမျိုးသမီးတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပေမယ့်လည်း ချစ်သုဝေက သူမချစ်တဲ့အနုပညာအလုပ်တွေကို ပိုမိုဦးစားပေးလုပ်ကိုင်ခဲ့သူဖြစ်ပြီး အခုဆိုရင် ချစ်သုဝေက သမီးအမြွှာလေးနှစ်ယောက် ပိုင်ဆိုင်ထားကာ ပရိသတ်တွေ အားကျချစ်ခင်နေကြတာအမှန်ပါပဲနော်။

ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မိသားစုတစ်စုဆိုလည်း မမှားပါဘူး ။ဒါ့အပြင် ခေတ်နဲ့ သစ်လေးတို့ဟာ အရမ်းတတ်ပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တော်လေးတွေ ဖြစ်နေကြတာပါ ။

ဒါ့ကြောင့်လည်း ခေတ်လေးတို့ရဲ့ လှုပ်ရှားမှုပုံလေးတွေကို အားလုံးကစောင့်ကြည့်အားပေးနေကြတာပါ ။အခုလည်း ချစ်မေမေနဲ့အတူ မျက်နှာတွေမျိုးစုံပြောင်ကာ အခွီတွေလုပ်ပြနေတဲ့ သမီးလေးတွေရဲ့ပုံလေးတွေကိုဖော်ပြထားရာ အရမ်းအသည်းယားစရာကောင်းလောက်အောင်ပါပဲနော် ။ ချစ်ပရိသတ်ကြီးလည်း ခေတ်လေးတို့ရဲ့ အခွီပုံလေးတွေကိုကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo – Chit Thu Wai,CRD-Yuan – Cele Zone