တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီးMr.Lee Sang-hwaရဲ့နေ့လည်စာဖိတ်ကျွေးခြင်းခံရတဲ့ Project K နဲ့ ခါရာ

Project K ကတော့ မြန်မာနိုင်ငံမှာ လူသိများအောင်မြင်တဲ့ Boyband တစ်ခုဖြစ်တာကြောင့် ပရိသတ်တွေသိကြမှာပါ။ တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ Asia Song Festival 2020 ပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ ခါရာကတော့ လူကြိုက်များတဲ့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ဦးဖြစ်သလို ကိုရီးယားယဉ်ကျေးမှုမြှင့်တင်ရေးဂုဏ်ထူးဆောင်သံတမန်အနေနဲ့လည်း ရွေးချယ်ခံထားရသူပါ။

အနုပညာနယ်ပယ်မှာအောင်မြင်နေကြတဲ့သူတို့တွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီးက နေ့လည်စာဖိတ်ကျွေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုဂုဏ်ယူစရာအခိုက်အတန့်လေးကိုတော့ ဒီနေ့ကျွန်တော်တို့ကို မအားလပ်တဲ့ကြားကနေ အရသာရှိတဲ့နေ့လည်စာ ဖိတ်ကျွေးပေးတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး Mr.Lee Sang-hwa ကို ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျ ဆိုပြီးတော့ ခါရာကသူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် အမှတ်တရဓာတ်ပုံတွေကိုလည်း ပရိသတ်တွေကိုပြန်လည်မျှဝေပေးခဲ့ပါသေးတယ်။ နောက်ထပ်လည်း တောင်ကိုရီးယားနိုင်ငံနဲ့အတူ အနုပညာအလုပ်တွေလုပ်ကိုင်တာကို ဆက်လက်မြင်တွေ့ရဖို့ ပရိသတ်တွေကမျှော်လင့်နေကြမှာပါ။

Source : KharRa,CRD-CELE GABAR TV