အသဲကွဲဖူးသွားပြီဖြစ်ကြောင်း အတိအလင်းပြောပြလိုက်တဲ့ ထိပ်တန်းမင်းသမီး ဝတ်မှုန်ရွှေရည်

ဆေးစက်ကျရာအရုပ်ထင်ရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ ကစ်ကတော့ အလင်းရောင် ရဲ့ ” ကျွန်တော်အသဲကွဲဖူးပြီ ” Music Video ရိုက်တုန်းက ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှခဲ့ပါ တယ်။ အဖြူရောင်သတို့သမီးဝတ်စုံနဲ့ လှချင်တိုင်းလှနေသူလေးရဲ့ ရိုက်ကွင်းပုံရိပ်တွေဟာ ရင်သပ်ရှုမောချင်စရာပါပဲ။

အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့နုပျိုမှုဟာ နှစ်ဆယ်ကျော် အမျိုးသမီးတွေနဲ့တောင်ယှဉ်နိုင်လောက်ပါရဲ့ ပရိသတ်ကြီးရေ။ အောင်မြင်မှုဟာလည်း တရှိန်ထိုးတက်နေခဲ့ပြီး သူမရဲ့အောင်မြင်မှုကို ဆယ်စုနှစ်ကျော်ကြာအောင် ထိန်းထားနိုင်ခဲ့ပါသေးတယ်။

ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဖော်နိုင်ခဲ့သူဖြစ်တာကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပါသေး တယ်။ သူမရဲ့ရိုက်ကွင်းထက်က ပုံရိပ်လေးတွေကို ” ကစ် အသည်းကွဲဖူးပြီ ကစ်နဲ့ ALINNYAUNG ရဲ့ ကျွန်တော် အသည်းကွဲဖူးပြီ Music Video ရိုက်တုန်းက ပုံလေးတွေပါ ” ဆိုပြီး ဝေမျှခဲ့တာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo – Wutt Hmone Shwe Yi,CRD-Happy – Cele Zone