ထောပတ်ထမင်းတွေသွားပို့ရင်း ရဲအောင်ကလက်ဆောင်တွေအများကြီးပြန်ပေးလိုက်လို့အတိုင်းမသိပျော်ရွှင်နေတဲ့ ညီနန္ဒ

နှစ်ပေါင်းများစွာတိုင်ရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်အားပေးမှုကိုခုချိန်ထိ အခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ရင်ထဲမှာအချိန်အတော်ကြာ နေရာယူထားတဲ့မင်းသားချောကြီးပါ။

ညီနန္ဒက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး ပရိသတ်အချစ်တွေကို ရရှိနေဆဲဖြစ်ပါတယ်နော်။ဒါ့အပြင် သာယာအေးချမ်းပြီး ကြည်နူးအားကျစရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျနေရတဲ့ ဆယ်လီမိသားစုလေးလည်းဖြစ်ပါတယ် ။

သူဟာ အခုလက်ရှိကာလမှာဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ ထောပတ်ထမင်းကို ကိုယ်တိုင်ချက်ပြီးရောင်းချနေတာလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ မင်းသားကြီးရဲအောင်အိမ်ကို ထောပတ်ထမင်းများသွားပို့ပေးခဲ့ရာ သူ့အတွက်လက်ဆောင်တွေအများကြီး ပြန်ပေးလိုက်တာကြောင့် အတိုင်းမသိဝမ်းသာကြည်နူးဖြစ်မိကြောင်းကို ပုံလေးတွေနဲ့အတူ” ထောပတ်ထမင်းသည်ကြီး ထပ်ဆင့်ထောတဲ့နေ့…ဒီနေ့ (၁၅.၁၂.၂၀) မှာ “‘ကိုနန္ဒထောပတ်ထမင်း”‘ ဂါရဝပြုဖို့အလှည့်ကျသူကတော့ အခုချိန်ထိအမြဲနုပျိုလန်းဆန်းပြီး ကျွန်တော်လေးစားချစ်ခင်ရတဲ့ ကိုရဲ “‘ Yè Aung Winaioo “‘ ပါ ခင်ဗျာ…ကျွန်တော့အတွက်လက်ဆောင်တွေအများကြီးပြန်ပေးလိုက်လို့ ကျေးဇူးအများကြီးတင်ပြီး အရမ်းလည်းပျော်ရပါတယ် ခင်ဗျာ…” ဆိုတဲ့စာလေးကိုရေးသားဝေမျှလာတာဖြစ်ပါတယ်။

photo – nyi nanda,CRD-yuan – cele zone