ဒွေးနဲ့ မကြာခဏစိတ်ဆိုးခဲ့ရတဲ့ အမှတ်တရတွေကိုပြောပြလာတဲ့ ထက်ထက်မိုးဦး

ရှုတင်တွေအမြဲနောက်ကျတတ်တဲ့ဒွေးနဲ့ အလုပ်ကိုအချိန်တိတိကျကျလုပ်တတ်တဲ့ ထက်ထက်တို့ဟာ မကြာခဏဆိုသလို ကတောက်ကဆတွေဖြစ်တတ်ကြပါတယ်။ ဒါဟာလည်း အနုပညာမောင်နှမနှစ်ယောက်ရဲ့ အမှတ်တရတွေထဲက အမှတ်တရ တစ်ခုဖြစ်ခဲ့တာပါပဲ။ အချိန်မတိုင်ခင်ကြွေလွင့်ခဲ့ရတဲ့ ကြယ်တစ်ပွင့်ဟာ ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ထာဝရလင်းလက်နေဆဲပါပဲ။

ကြော်ငြာမင်းသမီးလေးထက်ထက်ရဲ့ တကျော့ပြန်ကြော်ငြာခရီးလမ်းတွေဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီးနောက် သူမရဲ့အမြဲတမ်းအတွဲညီခဲ့တဲ့ မင်းသားတစ်လက်ကို ပရိသတ်တွေကပြန်ပြီးအမှတ်ရခဲ့ပါတယ်။ ထက်ကိုယ်တိုင်ကလည်း အလုပ်တွေအတူလုပ်ခဲ့သူမို့ နှစ်ယောက်သားရဲ့အမှတ်တရတွေကိုလည်း ပြန်လည်သတိရနေခဲ့ပါတယ်။

ဒီအမှတ်တရတွေအကြောင်းကို ” အစ်ကိုနဲ့ အလုပ်တွေအများကြီး အတူလုပ်ခဲ့တာဆိုတော့ အမှတ်တရတွေက အများကြီးပါပဲ။ အစ်ကိုက အမြဲလိုလို ရှုတင်တွေနောက်ကျတတ်တယ် ထက်ကတော့ အချိန်တိတိကျကျ အလုပ်လုပ်တတ်တာမို့ ခဏခဏ စိတ်ဆိုးရတယ် အမှတ်တရတစ်ခုပေါ့နော်။ အစ်ကိုက နည်းနည်းနောက်ကျတာကလွဲရင် အလုပ်လုပ်တဲ့နေရာ စေ့စပ်သေချာတယ်။ အရမ်းခင်မင်တာမျိုး မဟုတ်ကြပေမယ့် အစ်ကိုလည်း အမှားမရှိအောင် ထက်ဖက်ကလည်းအမှားမရှိအောင် ကြိုးစားအလုပ်လုပ် ကြရင်း ချစ်ရသူတွေရဲ့ ရင်ထဲရောက်အောင် ကြိုးစားခဲ့ရတာပဲ။ စိတ်ထဲကနေ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ပြီး ကြိုးစားကြတာ မျိုးပေါ့နော် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Photo – Htet Htet Moe Oo,CRD-Happy – Cele Zone