သူမ ၁၄ နှစ်အရွယ်ကပုံလေးတွေကိုထုတ်ပြရင်း ဘဝကိုခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရပုံတွေကိုပြောပြလာတဲ့ထက်ထက်မိုးဦး

ကြော်ငြာဘုရင်မလို့ အားလုံးရဲ့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ခုထိတိုင် နေရာယူထားဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်သူဖြစ်ပြီး အကယ်ဒမီဆုတွေလည်း ရယူပိုင်ဆိုင်ခဲ့တာပါ။

အနုပညာအလုပ်တွေကို အချိန်အတော်ကြာရပ်နားထားခဲ့တဲ့ ထက်ထက်က အခုချိန်မှာ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ထက်ထက်မိုးဦးက အခုချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲကာ ချစ်စရာကောင်းပြီး နုပျိုတဲ့အလှအပတွေနဲ့ ကျက်သရေရှိစွာလှပနေတာဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ် ။လတ်တလောမှာတော့ သူမ ၁၄ နှစ်သမီးအရွယ်ကပုံလေးတွေကိုထုတ်ပြကာ ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းခဲ့ရပုံလေးတွေကိုခုလိုပြောပြလာတာတွေ့ရပါတယ် ။ “၁၄ နှစ်အရွယ် ဒီမျက်နှာလေးကိုကြည့်လိုက်ရင် ဘဝကြီးက ကြမ်းတမ်းခါးသီးစွာနဲ့ လောကဓံမျိုးစုံကို ကျော်ဖြတ်ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲနော်။” ဆိုတဲ့စာလေးပဲဖြစ်ရာ သူမရဲ့ချစ်ရတဲ့ပရိသတ်တွေကတော့ ကောမန့်ကနေတစ်ဆင့်အားပေးစကားတွေပြောကြားထားတာလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးလည်း ထက်ရဲ့ ငယ်စဉ်ပုံလေးတွေကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo – Htet Htet Moe Oo,CRD-Yuan – Cele Zone