ပရိသတ်တောင်းဆိုမှုအများဆုံးဆု မြန်မာသံတေးသံရှင်ဆုကို ရရှိခဲ့တဲ့ မေသက်ထားဆွေ

အသံချိုချိုလေးနဲ့ သီချင်းဆိုကောင်းပြီး သူ့အသံကိုကြားလိုက်ရတာနဲ့ အားလုံးရဲ့ ရင်ထဲကို အေးချမ်းသွားစေတဲ့ အသံပိုင်ရှင်လေးကတော့ မေသက်ထားဆွေပဲဖြစ်ပါတယ် ။ အသက်ငယ်ပေမယ့် အနုပညာအရည်အချင်းကတော့ အံ့သြစရာကောင်းလောက်အောင် ထူးချွန်ထက်မြက်သူလေးဆိုတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။ လတ်တလောမှာတော့ မေသက်ထားဆွေရဲ့ချစ်ပရိသတ်ကြီးအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်နော် ။

Shwe FM Radio က ရွှေပရိသတ်အတောင်းခံရဆုံး မြန်မာသံတေးသံရှင်ဆုကို အနားနားမှာ သီချင်းလေး ရရှိခဲ့တာပဲဖြစ်ပါတယ် ။ အနားနားမှာ သီချင်းလေးကို ပုံဖော်ပေးတဲ့ Producer ဘဘဦးသိန်းကျော်၊မြင့်မိုရ်မေမေစာပေမှဦးမျိုးနဲ့အန်တီဆွေ၊ဖြန့်ချိပေးတဲ့ Legacy Music မိသားစု နဲ့တကွ ကျေးဇူးတင်ထိုက်သူတွေနဲ့ အကောင်းဆုံးရိုက်ကူးပေးတဲ့ဒါရိုက်တာ မန္တလေးသားသူရ၊သရုပ်ဆောင် ကိုရဲဇာနည်အောင် တို့ကိုလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ။

အနားနားမှာ သီချင်းလေးကို တောင်းဆိုပေးကြတဲ့အနယ်နယ်အရပ်ရပ်မှ သူမရဲ့ ချစ်ပရိသတ်ကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းရေးသားဖော်ပြခဲ့ပါတယ် ။ မေသက်ထက်ထားဆွေကို အစဉ်အမြဲအားပေးလာကြတဲ့ မြန်မာသံတေးဂီတကို အားပေးတဲ့ချစ်ပရိသတ်ကြီးလည်း ဂုဏ်ယူဝမ်းမြောက်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : May Thet Htar Swe,CRD-Emily (Cele Gabar)