2NE1 အဖွဲ့ဝင် Park Bom နဲ့အတူတွဲဖက်ပြီး သီချင်းတစ်ပုဒ်ဖန်တီးမှာဖြစ်ကြောင်း တရားဝင်အတည်ပြု ကြေညာလိုက်တဲ့ စိုင်းစိုင်း

ပရိသတ်ကြီးရေ အဆိုတော် စိုင်းစိုင်းခမ်းလိုင်ကတော့ မကြာသေးခင်အချိန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “RED LIGHT” လို့အမည်ရတဲ့ သီချင်းအသစ်လေးကို အဆိုတော်တစ်ယောက်နဲ့အတူ ဖန်တီးသွားမှာဖြစ်တဲ့ အကြောင်း ကြေညာခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ စိုင်းစိုင်းကိုယ်တိုင်ကလည်း သီချင်းလေးကို ဘယ်အနုပညာရှင်နဲ့ တွဲလုပ်မလဲဆိုတာကို ပရိသတ်တွေကို ပဟေဠိထုတ်ထားခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ စိုင်းစိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့နဲ့အတူ သီချင်းအသစ်မှာပါဝင်မယ့်သူက Park Bom ဖြစ်ကြောင်း တရားဝင် အတည်ပြု အသိပေးလာခဲ့ပါတယ်။ စိုင်းစိုင်းက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် အဖွဲ့ဖြစ်ခဲ့တဲ့ 2NE1 အဖွဲ့ရဲ့ အဖွဲ့ဝင် Park Bom ကို သူ့ရဲ့သီချင်းအသစ်မှာ ပါဝင်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး Park Bom ကလည်း သူ့အတွက် ပထမဆုံး မြန်မာနိုင်ငံနဲ့ Collaboration ဖြစ်တာကြောင့် ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းနဲ့ Park Bom တို့ရဲ့ Collaboration သီချင်းလေးကို စောင့်မျှော်နေကြကြောင်း တရားဝင်အတည်ပြုကြေညာတဲ့ ပိုစ့်အောက်မှာ သီချင်းလေးကို မြန်မြန်လေး ထုတ်ပေးဖို့တောင်းဆိုနေကြပါသေးတယ်။ပရိသတ်ကြီးတွေရေ Park Bom နဲ့အတူ ထွက်ရှိလာမယ့် သီချင်းလေးကတော့ တကယ်ကို သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်မှာတော့ အသေအချာပါပဲ။

Source – Sai Sai Kham Leng,CRD-Chilli – CeleZone