ရောဂါကပ်ဆိုးကြီးဖြစ်နေချိန်မှာ စည်းကမ်းမဲ့စွန့်ပစ်မှုများတွေ့ရှိနေရတဲ့ ခေါင်တိုင်လမ်းမပေါ်

ညောင်ရွှေ – ခေါင်တိုင်လမ်းမပေါ်ကကောက်ယူရှင်းလင်းခဲ့ရတဲ့ နှာခေါင်းစည်း Mask တွေပါ ( 3နာရီအတွင်းမှာ အခုရေ 2000ခန့်)တွေ့ရှိခဲ့တာပါ။တနေရာလေးသာမကတမြို့လုံးအတိုင်းအတာ မှတနိုင်ငံလုံး အတိုင်းအတာထိဆို မတွေးဝံ့အောင်ပါပဲဒီလိုcစည်းကမ်းမဲ့ စွန့်ပစ်ခဲ့တဲ့အထဲမှာသင်ရော အပါအဝင်ပါဘဲလား?

Mask ဆိုတာ ရောဂါ ကာကွယ်ဖို့ တပ်ဆင်ရတာဖြစ်လို့ အခုလို လမ်းမပေါ် ပစ်ချင်ရာပစ်ခဲ့ခြင်းအားဖြင့် သင်ရော သင့်မိသားစုအပါအဝင် လူသားအားလုံးအတွက်ပါ အန္တရာယ်များလွန်းလှပါတယ်။Covid ဆိုတဲ့ ရောဂါဆိုးကြီး ကမ္ဘာမြေပေါ်ကအမြန်ပျောက်ကင်းသွားဖို့ ဆိုတာက ခုလို Mask တွေကိုစည်းကမ်းမဲ့ စွန့်ပစ်မနေဖို့ကလဲ အရေးကြီးလှပါတယ်။

အတွေ့အကြုံအရ မြို့ဝင်မြို့ထွက် စစ်ဆေးတဲ့နေရာတွေရဲ့အလွန်မှာ Maskတွေ ပိုမိုတွေ့ရတာကြောင့် လူတွေဟာစစ်ဆေးရေးဂိတ်လွန်တာနဲ့ တန်းစွန့်ပစ်ခဲ့ကြပုံပါပဲသက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအနေဖြင့်နည်းလမ်းကောင်းများရှာတွေ့ပြီး ထိရောက်စွာ တားဆီးအရေးယူနိုင်ပါစေလို့ ဆန္ဒ ပြုမိပါတယ်ရှင့်။

Credit – Sue Sue