စိတ်ကောက်နေတဲ့ဇနီး,ထည့်ပေးလိုက်တဲ့ ထမင်းဘူးည့်ပြီး မျက်ရည်ကျခဲ့တဲ့ရခင်ပွန်းကိုကြ

အိမ်ရှင်မတွေဟာ နိစ္စဒူဝ မနားရတဲ့လူတွေထဲမှာ ပါဝင်ပါတယ်။ သူတို့တစ်တွေမှာ တရားဝင် ရုံးပိတ်ရက်ဆိုတာ မရှိပါဘူး။ အိမ်မှုကိစ္စ ဗာဟီရတွေဟာ ခွင့်ယူပြီး ပစ်ထားလို့လည်း မရပါဘူး။ သူတို့တစ်တွေဟာ ကမ္ဘာပေါ်မှာ အလုပ်အလုပ်ဆုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခု အဖြစ်အပျက်ကလေးက အိမ်ရှင်မနဲ့ အိမ်ထောင်ဦးစီးတို့ရဲ့ သဘောထားကွဲလွဲမှုကနေ ကြည်နူးစရာ အခိုက်အတန့်လေးတွေကို မီးမောင်းထိုးပြနေတာပါ။

ဂျပန်က အိမ်ထောင်သည် အမျိုးသားတစ်ယောက်ဟာ အလုပ်သွားတဲ့ မိမိအတွက် ဇနီးသည် ထည့်ပေးလိုက်တဲ့ ထမင်းကိုကြည့်ပြီး ပီတိမျက်ရည် ကျခဲ့ရပါသတဲ့။ ဇနီးသည်နဲ့ သူဟာ ဒီမတိုင်ခင် ကတောက်ကဆဖြစ်ပြီး ဇနီးက သူ့ကိုစိတ်ကောက်ကာ စကားမပြောပါဘူးတဲ့။ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ အိမ်ရှင်မတွေ တတ်အပ်တဲ့ ပညာထဲမှာ ပါလို့ ဒီကိစ္စက အရမ်းကြိး အရေးတော့ မကြီးပါဘူး။

ဇနီးသည်က စိတ်ဆိုးနေပေမယ့် သူမ ဝတ္တရားအတိုင်း အလုပ်သွားမယ့် ခင်ပွန်းသည်အတွက် ထမင်းဘူး ထုပ်ပေးလိုက်ပါတယ်။ ထမင်းဘူးက သာမန်အားဖြင့်တော့ ဖွယ်ဖွယ်ရာရာမရှိဘဲ ဆန်ထမင်း ပလိန်းသက်သက် ဖြစ်ပါတယ်။ ဘေးမှာ အသီးအရွက် အကြော်တစ်ချို့ ပါဝင်ပါတယ်။ ဒါဟာ နေ့လည်တစ်ခုအတွက် မြိန်ရှက်စေမယ့် အစားအစာမျိုး မဟုတ်သေးပါဘူး။

ဆန်ထမင်းပလိန်းပေါ်မှာတောင် ရေညှိစာလုံးနဲ့ ပုံဖော်ပြီး၊ ခင်ပွန်းသည်ကို ဆဲထားပါသေးတယ်။ ဂျပန်လို ဆဲထားတာဖြစ်ပေမယ့် မြန်မာလို နီးနီးစပ်စပ် ဘာသာပြန်ရရင် အရှုပ်ထုတ်၊ ချီးထုတ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ခင်ပွန်းသည်ဟာ အသီးအရွက်သက်သက်နဲ့ ဒီနေ့တော့ နှစ်ပါးသွားရပြီလို့ ထင်မှတ်ခဲ့ပေမယ့် ထမင်းတွေအောက်ကို လှန်ကြည့်ချိန်မှာတော့ သူကြိုက်တဲ့ အမဲအသားပြားတွေ ဖုံးထည့်ပေးထားတာပါ။

ဒါဟာ မိန်းမတစ်ယောက်ရဲ့ ချစ်ခင်ကြင်နာမှုကို မီးမောင်းထိုးပြရာ ရောက်ပါတယ်။ သူမ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ခင်ပွန်းအတွက် စားစရာ ဖွယ်ဖွယ်ရာရာ လုပ်ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို တွစ်တာပေါ်မှာတင်ခဲ့တဲ့ ကာယကံရှင်ကတော့ @JZX90Masaya အမည်ရ အကောင့်ပိုင်ရှင်ပါ။ သူက ” မနေ့က သူမနဲ့ နှောင်ဂျိမ်ပလေးကြတယ် … ဒါက ဒီနေ့အတွက် နေ့လည်စာပေါ့ “လို့ ရေးခဲ့ပါတယ်။

သူတို့နှစ်ယောက် ဒီဇင်ဘာ(၂)ရက်နေ့က အချင်းများရန်ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် သူမ သူ့ကိုတော့ အကြင်နာမပျက် အချစ်မပျက်ဘူးဆိုတာကို ကာယကံရှင်က ကောင်းကောင်း သိသွားလို့ ကြည်နူးမျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး တခြား ဂျပန်တွေမှာလည်း ဖြစ်ခဲ့ကြပြီး၊ သူတို့ အတွေ့အကြုုံကို မှတ်ချက်တွေ ဝင်ရောက်ရေးသားခဲ့ပါတယ်။

 

Ref ; WorldOfBuzz,CRD-လင်းဇော်ကို