Versace နာရီကြော်ငြာတစ်ခုကို စုံတွဲရိုက်ကူးခဲ့ကြတဲ့ သရုပ်ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာ

တစ်ချိန်တုန်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသမီးချော စိုးမြတ်နန္ဒာနဲ့ အဆိုတော် စိုးသူတို့ စုံတွဲကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ အနုပညာရှင် ဆယ်လီစုံတွဲပဲဖြစ်ပါတယ် ။ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေကိုရပ်နားထားတယ်ဆိုပေမယ့် ပရိသတ်တွေကတော့ သူတို့နှစ်ဦးက ချစ်ခင်အားပေးနေကြဆဲပါပဲ ။

ဝေဖန်တိုက်ခိုက်မှုတွေကြားက တွဲလက်တွေမြဲခဲ့တဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့စုံတွဲ က မကြာသေးမီကမှ စန္ဒီမြင့်လွင်ရဲ့ သီချင်းသစ်လေးမှာ စုံတွဲပါဝင်သရုပ်ဆောင်ထားကြပါသေးတယ် ။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ပြင်သစ်က တိုက်ရိုက် လာတဲ့ Versace နာရီလေးတွေနဲ့ Euro Branded Sale Myanmar ဆိုင် ကြော်ငြာလေးကို စုံတွဲရိုက်ကူးခဲ့ကြပါတယ် ။

သူမတို့စုံတွဲ နှစ်ယောက်ရဲ့ ကြော်ငြာရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးထားပြီး ပရိသတ်တွေက လိုက်ဖက်တဲ့ စုံတွဲလေးဖြစ်ကြောင်း မှတ်ချက်တွေ အများကြီးပေးခဲ့ကြပါတယ် ။ စိုး စုံတွဲ ရဲ့ ကြော်ငြာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Source : Soe Myat Nandar,CRD-Emily (Cele Gabar)