Double Dating Program လေးနဲ့ ပရိသတ်တွေကို အသည်းယားစေခဲ့ပြီးအချစ်ပိုစေတဲ့ ဆယ်လီစုံတွဲ (၂)တွဲ

ပရိသတ်ကြီးရေ 7th sense creation ကနေ ရိုက်ကူးတင်ဆက်နေတဲ့ Double Dating Program လေးက ပရိသတ်တွေကြားမှာ အတော်လေးရေးပန်းစားနေပါတယ် ။ အစီစဉ်တင်ဆက်သူအဖြစ် တေးသံရှင်သိန်းလင်းစိုးက တင်ဆက်ပေးထားတာဖြစ်ပြီး ယွန်းယွန်း ၊ သဇင်ထူးမြင့် ၊ အောင်မင်းခန့် နဲ့ စည်သူဝင်းတို့က ပါဝင်ထားကြတာပဲဖြစ်ပါတယ် ။

စည်သူဝင်းနဲ့ သဇင်ထူးမြင့် တို့ကတစ်တွဲ ၊ အောင်မင်းခန့်နဲ့ ယွန်းယွန်းတို့က တစ်တွဲ စုံတွဲတွေအဖြစ် တစ်နေ့တာဖြတ်သန်းရမှာဖြစ်ပြီး တကယ့်သမီးရည်းစားတွေလို နေထိုင်ရတဲ့ Program လေးပဲဖြစ်ပါတယ် ။ ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့အပိုင်းလေးကတော့ သူတို့အချင်းချင်းပေးထားကြတဲ့ Nickname လေးတွေပဲဖြစ်ပါတယ် ။ သဇင်ထူးမြင့်နဲ့ စည်သူဝင်းက သဲတုံနဲ့ ကို ၊ အောင်မင်းခန့်နဲ့ ယွန်းယွန်းတို့က ပုဂံသူနဲ့ ကို စသဖြင့် နာမ်စားလေးတွေ သုံးပြီး ပြိုင်ခဲ့ကြတာပါ ။ တစ်တွဲ နဲ့ တစ်တွဲ အနိုင်ယူဖို့အတွက် အပြိုင်အဆိုင်ရိုကြတာတော့ ပရိသတ်တွေ အသည်းယားဆုံးအပိုင်းတွေပဲဖြစ်ပါတယ် ။

ယွန်းယွန်းကို အောင်မင်းခန့်က ပုဂံမြေက ယွန်းထည်လေးတွေလို လှလို့ ပုဂံသူ ဆိုတဲ့ နာမ်စားလေးကို သူ့ကိုယ်ပိုင် အဓိပ္ပါယ်လေးနဲ့ ဖွင့်ဆိုခဲ့တာဖြစ်တယ်လို့ ပြောခဲ့တာကတော့ ပရိသတ်တွေ သဘောအကျဆုံးအပိုင်းလေး ဖြစ်မယ်ထင်ပါတယ် ။ ပရိသတ်ကြီးရော Double Dating Program လေးရဲ့ ဒုတိယပိုင်းကို မျှော်နေကြပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : 7 sense creation,Emily (Cele Gabar)