မျက်ရည်ကျသွားတဲ့ထိ အမာခံပရိသတ်တစ်ယောက်ကို ပျော်ရွှင်သွားအောင် Surprise တိုက်ခဲ့တဲ့ စည်သူဝင်း

နာမည်ကြီးလူကြိုက်များခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲအပါအဝင် MRTV 4 ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားစည်သူဝင်းကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ပါ ။ ဗီလိန် ကာရိုက်တာနဲ့ ပရိသတ်တွေ အရမ်းမုန်းအောင် သရုပ်ဆောင်နိုင်တဲ့ထိ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားခဲ့တာပါ ။

ဆယ်ကျော်သက် မိန်းကလေး ပရိသတ်တွေရဲ့ဝန်းရံမှုကို အပြည့်အဝရထားတဲ့ စည်သူဝင်းက သူ့ရဲ့အမာခံမိန်းကလေး ပရိသတ်တစ်ယောက် အတွက် Surprise အစီစဉ်လေးတစ်ခု စီစဉ်ခဲ့ပါတယ် ။ သူ့ရဲ့ပရိသတ်မိန်းကလေးက သူမရဲ့ဝေါပေါ်မှာ ရက် ၁၀၀ တိတိ ချဲလန့် ခေါ်ပြီး သူ့ကိုချစ်တဲ့အကြောင်းတွေကို ၃ လတိတိရေးသားခဲ့တဲ့အတွက် ပရိသတ်အချစ်ကိုအသိမှတ်ပြုတဲ့ အနေနဲ့ အိမ်တိုင်ရာရောက် လက်ဆောင်သွားပေးပြီး Surprise လုပ်ခဲ့တာပဲဖြစ်ပါတယ် ။

စည်သူဝင်းရဲ့ အမာခံ ဖန်ပရိသတ်လေးကတော့ သူမ မထင်မှတ်ထားတဲ့အခြေအနေမှာ အခုလို Surprise လုပ်ခံလိုက်ရတဲ့အတွက် မျက်ရည်တွေ ကျပြီး အရမ်းကို ပျော်ရွှင်ခဲ့ကြောင်း စည်သူဝင်းက ဗီဒီယိုလေးနဲ့မှတ်တမ်းတင်ခဲ့တာပါ ။ စည်သူဝင်းကိုချစ်တဲ့ ပရိသတ်တွေလည်း အားကျသွားအောင် Surprise ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Sithu Win,Emily (Cele Gabar)