ကမ္ဘာကျော်အနုပညာရှင်တွေနဲ့အတူ Forbes ရဲ့ အာရှရဲ့Digital Star အယောက်(၁၀၀)စာရင်းမှာပါဝင်လာခဲ့တဲ့ မြန်မာနိုင်ငံမှအနုပညာရှင်(၂)ဦး

ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Forbes ကနေပြီးတော့ ဒီတစ်နှစ်အတွက် အာရှရဲ့Digital Star အယောက်(၁၀၀)စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင်နဲ့ဝတ်မှုန်ရွှေရည်တို့က ပါဝင်ခဲ့ပါတယ်။

ဒီစာရင်းမှာဆိုရင် အိန္ဒိယနိုင်ငံက Amitabh Bachchan,Akshay Kumarနဲ့ Hrithik Roshan တောင်ကိုရီးယားနိုင်ငံကနာမည်ကြီးတွေဖြစ်တဲ့ Blackpink, BTS ,Exo , HyunA, Ji Chang-wook, Lee Min-ho နဲ့ Nam Joo-hyuk စတဲ့သူတွေ တရုတ်နိုင်ငံမှ Yang Mi ,Dilraba Dilmurat , Zhao Liying, Wang Yibo နဲ့ Kris Wu စတဲ့နာမည်ကျော်တွေအပြင် Davika Hoorne တို့လို့ အာရှနိုင်ငံမှ နာမည်ကြီးများစွာပါဝင်ခဲ့ပါတယ်။ စိုင်းစိုင်းကတော့ မှာ Facebook မှာမြန်မာနိုင်ငံရဲ့ အများဆုံးအမျိုးသားအဖြစ် follower (၉) သန်းကျော် ရှိပြီး ဝတ်မှုန်ရွှေရည်ကတော့ Facebook မှာ follower (၆) သန်းကျော်နဲ့ မြန်မာနိုင်ငံရဲ့ အများဆုံးအမျိုးသမီးအဖြစ် ဖော်ပြခဲ့ပါတယ်။

စိုင်းစိုင်းနဲ့ရွှေကစ်တို့နှစ်ဦးကတော့ လက်ရှိအချိန်မှာ နာမည်ကျော်အနုပညာရှင်တွေအဖြစ်ရပ်တည်နေသလို အောင်မြင်မှုကိုလည်းနှစ်များစွာထိန်းသိမ်းလာနိုင်သူတွေဖြစ်ပါတယ်။ အခုလိုမျိုး ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes မှာ ကမ္ဘာကျော်တွေနဲ့အတူ ပါဝင်ဖော်ပြခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

 

Source : forbes,CRD-Cele Gabar