အနုပညာသမားဖြစ်တဲ့အတွက်ကြောင့်မို့ လူမချမ်းသာပေမယ့် သဒ္ဒါတရားတော့ချမ်းသာတဲ့ သရုပ်ဆောင်ခင်သဇင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ကတော့ သူမရဲ့ နေအိမ်မှာ ဘုန်းကြီးပင့် နေ့ဆွမ်းအလှူ ကပ်၍ တရားနာယူ ကုသိုလ်ယူခဲ့တယ်လို့သိရပါတယ် ။ သူမဖြစ်ချင်တဲ့ ဆန္ဒတွေ အတိုင်း လိုက်လုပ်ပေးခဲ့ကြတဲ့ အဒေါ် နဲ့ အမတွေကို အထူးကျေးဇူးတင်ရှိသလို အခုလို လှူရတဲ့အကျိုးအတွက် စိတ်၏ ချမ်းသာခြင်းကတော့ အတိုင်းမသိပါဘူးလို့ ဆိုပါတယ် ။

အိမ်လေးက ကျဉ်းတော့ အခုလို ဘုန်းကြီး ပင့်ဖိတ်ဖို့ အမြဲ တွန့်ဆုတ်နေခဲ့မိတယ်.. ဒါပေမယ့် အရှင်ဘုရားကိုတော့ စကားလေးတစ်ခွန်း လျှောက်မိပါတယ်. တပည့်တော် ကိုယ်တိုင် ဦးစီးပြီး အိမ်မှာ သံဃာတော်ပင့်ဖိတ်ပြီး နေ့ဆွမ်းကပ်တာ ဒါဟာ ဘဝမှာ ဒုတိယ အကြိမ်မြောက်ပါဘုရားလို့..အမှားပါခဲ့ရင် ခွင့်လွှတ်တော်မူပါ..တပည့်တော်မက အနုပညာသမားဆိုတော့ လူတော့ မချမ်းသာပါဘူး ဘုရား..ဒါပေမယ့် ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေရလို့တော့ စိတ်တော့ အင်မတန်ချမ်းသာရပါတယ် ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့အလှူလေးအတွက် ကြည်နူးမှုလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

အရှင်ဘုရားရဲ့ အားပေးစကားလေးပြန်ကြားရတော့ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာကြည်နူးရပြန်ပါတယ်တဲ့ပရိသတ်ကြီးရေ ..။ ခင်သဇင်ကတော့ သူမရဲ့အလှူပုံရိပ်လေးတွေကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့အတွက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးထားပါသေးတယ် ။ စိန်ခင်လေးရဲ့ အလှူကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Tha zin,CRD-Emily (Cele Gabar)