ချစ်ရတဲ့မိဘ နှစ်ပါးဆီက ရရှိခဲ့တဲ့ အမွေတွေအကြောင်းပြောပြလာတဲ့ သရုပ်ဆောင် စိုးပြည့်သဇင်

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာလည်းအောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို အိမ်မှုကိစ္စနိုင်နင်းပြီး မိန်းမပီသလွန်းလို့ ပရိသတ်တွေ အချစ်ပိုနေရတဲ့ သူတစ်ယောက်ပါ ။ ဂီတတူရိယာတွေကိုလည်း တီးခတ်တတ်တဲ့အပြင် အဆိုကောင်းတဲ့ ဘက်စုံ ကျွမ်းကျင်တဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး ။

လတ်တလောမှာတော့ စိုးပြည့်တစ်ယောက် သူမ မိဘတွေဆီက ရရှိခဲ့တဲ့အမွေတွေအကြောင်းကို ပြောပြလာခဲ့ပါတယ် ။ ကျွန်မကလေ မတရားဘူးထင်ရင်မကြိုက်တတ်တဲ့ မဟုတ်မခံစိတ်လေးကဖေဖေ့ဆီကအမွေရတယ် အဲ မတရားမှန်းသိပေမယ့် သည်းခံမျိုသိပ်နေတတ်တဲ့စိတ်လေးကလည်းမေမေ့ဆီကအမွေရတယ် အဲ့နှစ်ခုလုံးအမွေရတော့ .ကောင်းရောစိုးပြည့်သဇင်ရေ ဆိုတဲ့စာသားလေးနဲ့အတူ ဆန့်ကျင်ဘက် အမွေနှစ်ခုကို တပြိုင်ထဲရခဲ့တဲ့အကြောင်းကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ အမြဲတမ်းလူချစ်လူခင်ပေါ များပြီး စိတ်ထားကောင်းတဲ့ စိုးပြည့်လေး ကို လူတွေကို သည်းခံလိုက်ဖို့အတွက် အကြံပေးထားကြသလို အဒီလိုစိတ်ထားလေးတွေကြောင့်ပိုပြီး ချစ်နေရတာ လို့ လည်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ပရိသတ်တွေထဲမှာရော စိုးပြည့်လို ဆန့်ကျင်ဘက် နှစ်ခုအမွေရထားတဲ့သူတွေရှိလား မှတ်ချက်ပေးခဲ့ပါဦး ။

Source : Soe Pyae Thazin,CRD-Emily (Cele Gabar)