ဖြူဖြူ့ထံကို ရောက်ရှိလာခဲ့တဲ့ အမာခံပရိသတ်တစ်ယောက်ရဲ့အခက်အခဲကြားကနှလုံးသားသဝဏ်လွှာ

ပရိသတ်တွေဆီက စာလွှာတွေကို သူမရဲ့ Page ကနေတဆင့် ပြန်လည်ဖော်ပြပေးနေတဲ့ ဖြူဖြူကျော်သီန်းက ဒီနေ့မှာတော့ ၁၉ ယောက်ကံထူးရှင်အဖြစ် “ထူးမြတ်ဇင်” ဆိုတဲ့ ပရိသတ်တစ်ယောက်ရဲ့ စာလွှာလေးကို ပရိသတ်တွေကို ဖော်ပြခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က မွန်ပြည်နယ် ရဲ့ အစွန်ဆုံးမြို့လေးဖြစ်တဲ့ ရေးမြို့နယ်အစင်ကျေးရွာမှာ လမ်းဖွင့်ပွဲအနေနဲ့ ရှိုးပွဲ ကြီးတပွဲလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာသူအရမ်းရူးသွပ်နေတဲ့ ဖြူဖြူကျော်သိန်း ပါခဲ့တယ် ။ သူ့အနေနဲ့ အရမ်းကြည့်ချင်ခဲ့ပေမယ့် အဲ့ဒီခေတ်အဒီအခါ တုန်းက ၁၅၀၀၀ ဆိုတော့အရမ်းများပေမယ့် ဘဝမှာပထမဆုံးအနေနဲ့ကြည့်ခဲ့ပါတယ်တဲ့ ။

ဘဝမှာအမှတ်တရဖြစ်ခဲ့တဲ့ ပွဲလေးတခုကိုပြန်ပြောင်းပြောရမယ်ဆို ၂၀၁၃ ခုနှစ် ရေးမြို့မှာလုပ်ခဲ့တဲ့မဖြူ ပါတဲ့ပွဲလေးပေါ့ မှတ်မှတ်ရရလတ်မှတ်တစောင်၂သောင်းပေးကြည့်ခဲ့ရတဲ့ပွဲ ထူးထူးခြားခြားအဲ့ပွဲမှာမဖြူ အတွက်သီးသန့်ထိုးထားတဲ့ပန်းစည်းလေးနဲ့ stage စင်ဘေးမှာမဖြူ ကိုရှာတကယ်တမ်းတော့ကြောက်နေတာပေါ့လေ မဖြူ အနေနဲ့အရမ်းများမာနကြီးနေမလားပေါ့တကယ်တမ်းတော့မဖြူ ကိုတွေ့တော့လက်ဆွဲနှုတ်ဆက်ပန်းစည်းလေးပေးတော့ ကိုယ်အားပေးခဲ့ရတဲ့ဖြူဖြူကျော်သိန်းဆိုတာ ဘာမာန်မာနမှမရှိတဲ့ သူမှန်းလက်တွေ့ကျကျ သိခဲ့ရတယ် ။

၂၀၁၆ခုနှစ်ထိုင်းမှာ အလုပ်လုပ်နေရင်း မဖြူပွဲကိုတကူးတက ပြန်အားပေးခဲ့ရတဲ့ ပွဲပေါ့လေ အဲ့ပွဲမှာ ဒြပ်စင်သီချင်းလေးတောင်းထားတာ တကယ်လည်းဆိုပေးပါတယ် နောက်ထပ်လည်း၂၀၁၈ ထိုင်းကနေတကူးတက ပြန်အားပေးခဲ့ရတဲ့ပွဲပဲ မှတ်မှတ်ရရလက်ဝှေ့စင်မှာဆိုရတဲ့ပွဲ အဲ့ပွဲမှာနာမည်ကျန်နေရစ်မယ်တောင်းထားတာ တကယ်လည်းဆိုပေးပါတယ် နောက်ထပ်အမှတ်တရပွဲလေးကတော့ချစ်သူမြိုင်ပွဲ၂၀၁၈ ခရစ်စမတ်ညမှာလူ၇သောင်းကျော်ရှိနေတဲ့ဝင်းကြီးထဲအားပေးခဲ့ရတာဘဝရဲ့မှတ်တိုင်ပဲ လို့ ဖြူဖြူကို နှစ်ပေါင်းများစွာ အမာခံအားပေးခဲ့ကြောင်း ရေးသားပေးပို့ခဲ့တာပဲဖြစ်ပါတယ် ။ ဘဝမှာ PHYU PHYU KYAW THEIN ရဲ့တကယ့်ရဲရဲတောက်အမာခံပရိတ်သတ်ဖြစ်ရတာ ဝမ်းသာကြည်နူးဂုဏ်အယူရဆုံးပဲ လို့လည်းရေးသားထားပါသေးတယ် ။

ဖြူဖြူကတော့ ဒီစာလွှာလေးတွေကိုဖတ်ရတိုင်း ပျော်ရတယ်..ကြည်နူးရတယ်..စိတ်ခွန်အားသစ်တွေရတယ်..ကျေနပ်ရတယ်.. စိတ်ချမ်းသာရတယ်..ပိုကြိုးစားချင်စိတ်တွေဖြစ်တယ်..ကိုယ့်ကိုဘယ်ချိန်ဘယ်ခါတည်းက ဘယ်လောက်ထိအားပေး ချစ်ခင်တန်ဖိုးထားလဲဆိုတာ သိရတယ်..အဲ့ဒီအတွက်အရမ်းလည်းကျေးဇူးတင်ရပါတယ်လို့ ဖြူဖြူကလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။

Source : Phyu Phyu Kyaw Thein,CRD-Emily (Cele Gabar)