မှတ်မှတ်ရရ သတိတွေရ ဆိုတဲ့စာသားလေးနဲ့အတူ တက္ကသိုလ်ကျောင်းသူဘဝက ပုံတွေကို မျှဝေပေးလာတဲ့ တက္ကသိုလ်ဂွမ်းပုံ

ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ ကလေး လူငယ်မရွေး ကြိုက်နှစ်သက်အားပေးမူ ရရှိထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အပြင် ဟာသဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်ကတော့ တက္ကသိုလ်ဂွမ်းပုံပါ ။ သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေက ပရိသတ်တွေကို ဟာသ ရသ အမှန်တကယ်ပေးစွမ်းနိုင်တဲ့အတွက် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ ။

အရပ်ပုပုလေးနဲ့ လုံးလုံးတုတ်တုတ် ချစ်စရာကောင်းတဲ့ တက္ကသိုလ်ဂွမ်းပုံကတော့ ခုချိန်ထိ အသက်ရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေဆဲ အနုပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။ လတ်တလောမှာတော့ အမိ.တက္ကသိုလ် ကြီးကို..မှတ်မှတ်ရရ သတိတွေရ ဆိုတဲ့စာသားလေးနဲ့အတူ တက္ကသိုလ်ကျောင်းသူဘဝက အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

တချို့ပရိသတ်တွေကတော့အန်တီဂွမ်းဘွဲ့ယူတုန်းက မွေးတောင် မမွေးသေးဘူးဆိုတဲ့ မှတ်ချက်လေးတွေ ရေးသားထားကြတာတွေ့ရပါတယ် ။ တီဂွမ်းကတော့ တက္ကသိုလ်ကျောင်းသူ တုန်းက အတိုင်း နုပျိုပြီးချစ်ဖို့ကောင်းနေဆဲပဲနော် ။ တီဂွမ်းကိုချစ်တဲ့ ပရိသတ်ကြီးအတွက် တီဂွမ်းရဲ့ ငယ်ဘဝပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: တက္ကသိုလ်ဂွမ်းပုံ,CRD-Emily (Cele Gabar)