သရုပ်ဆောင်နေမျိုးအောင်ဟာ အနုပညာသရဲကြီးလို့ တင်စားလိုက်တဲ့ ထူးခန့်ကျော်

ပရိတ်သတ်အချစ်တော် မင်းသားကြီးနေမျိုးအောင် ရဲ့အနုပညာကိုချစ်ခင် လေးစားသောအားဖြင့် သရုပ်ဆောင်ထူးခန့်ကျော်က စာလေးတစ်စောင်ရေးသားဖော်ပြခဲ့ပါတယ် ။ ဦကျော်ဟိန်းကိုတော့အနုပညာဘီလူးကြီးလို့တင်စားသလို့ နေမျိုးအောင်ရဲ့အနုပညာကို လေးစားစွာဖြင့် အနုပညာသရဲကြီးလို့တင်စားပါရစေ လို့ ဆိုလာခဲ့ပါတယ် ။ နေမျိုးအောင်ကို အိုက်တင်နဲ့ပတ်သက်တဲ့ အရာမှန်သမျှကြိုက်တာလာခဲ့ သနားတယ်ဆိုတဲ့သရဲကြီး တစ်ယောက်ပါတဲ့ ပရိသတ်ကြီးရေ ..။

မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဆရာဦးဟိန်းစိုး ဆရာဦးမောင်သီတို့နဲ့ ပေါင်းဖက်ပြီးဦးခင်ဖေအဖြစ် သရုပ်ဆောင်ထားတာ အရမ်းပီပြင်လွန်းတဲ့ ရှားပါးသရုပ်ဆောင်ကြီးအဖြစ် မထင်မှတ်ဘဲ ဒီဇာတ်လမ်းတွဲမှ နေမျိုးအောင်နှင့်အတူ ပါဝင်သရုပ်ဆောင်ခွင့်ရလို့လဲ ပီတိဖြစ်ခဲ့ရတယ်လို့ဆိုပါတယ် ။ ဒီလောကမှာဦးကျော် ဦးကျော်သူ ကိုသားကြီး ကိုလူမင်း ကိုကျော်ရဲအောင် ကိုနေမျိုးအောင် စတဲ့ သရုပ်ဆောင်တွေဟာ အနုပညာလောကမှာတော့ ရှားပါးရတနာမျိုးတွေပါ အကိုနေမျိုးအောင်နဲ့ အနုပညာလုပ်ငန်းမှာဆုံးဖူးတယ်ဆိုပေမယ့် ယခုပြသနေသောမမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာတော့နေတိုင်းဆုံဖူးကြခဲ့တဲ့အတွက် အခုလို တော်တဲ့သရုပ်ဆောင်ဆိုတာ သိခွင့်ရခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။

အနုပညာနဲ့ပတ်သက်လာရင် အရမ်းကြိုးစားတယ် သူ့ကိုယ်သူမသနားဘူး သူဘာဖြစ်သွားမလဲဆိုတာလဲ သူမတွေးမိဘူး အနုပညာနဲ့သာဆိုရင် သေသေကြေကြေဆိုတဲ့ အနုပညာသမားစစ်စစ်ပေါ့ စိတ်ရင်းအင်မတန်ကောင်းသလိုအနုပညာအခြေကလဲခိုင်လွန်းလှတယ်လေ မည်သူ့ကိုမဆိုအနုပညာနဲ့ပတ်သက်လာရင်သွန်သင်ပြသပြီးလက်ဆွဲခေါ်ဆောင်သူ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်တယ်လို့ ထူးခန့်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ် ။

Source: Htoo Khant Kyaw,CRD-Emily (Cele Gabar)