အိမ်ရှေ့ မှာ သတ္တာလေး တလုံးပေါ်မှာ ထိုင်နေလို့ အချိန်ကြာလာတော့ ဘာဖြစ်လို့လဲ ထွက်မေး ကြည့်လိုက်သောအခါ





ယူနီကုဒ် ဖြင့် ဖတ်ရန်

အိမ်ရှေ့မှာ ‌သေတ္တာလေးတလုံးပေါ်မှာ ထိုင်နေလို့ အချိန်ကြာလာတော့ ဘာဖြစ်လို့လဲ ထွက် မေးကြည့်တာ ကိုယ်တောင်ငိုချင်လာတယ်…။ ကလေးဘဝထဲက ရွှေပေါက်ကံထဲက လက်ဖက်ရည်ဆိုင် သေးလေးတခုမှာ အလုပ်ဝင်လုပ်ခဲ့တာ ၁၀နှစ်နီးပါးရှိပြီတဲ့ ဆိုင်တွေ

ပုံမှန်ရောင်းရချိန်မှာ ညဉ့်နက်တဲ့အထိခိုင်းပြီး မနက်အစောကြီးထရတာမျိုး မငြီးမငြူလုပ်ပေးခဲ့ ပါတယ်တဲ့ ။ထမင်းစားရုံလေး ကျောခင်းတနေရာစာလေး နဲ့သာ ကျေနပ်ခဲ့ရတဲ့….စာမတတ် ပေမတတ် တောက ကလေးတွေကို သက်သက်သာသာဈေးနဲ့ ခိုင်းခဲ့ပြီး

အခုလိုဆိုင်တွေပိတ်ထားရချိန်မှာတော့ တာဝန်မယူနိုင်ဘူးဆိုပြီး ပြောဆိုမောင်းထုတ်ပါတယ်တဲ့ ….လမ်းပေါ်ထွက်လာရပေမယ့် ပိုက်ဆံလည်း တပြားမှမပါ …နေစရာ စားစရာလည်းမရှိ မန်းလေးပြန်ချင်ပါတယ် ဆိုလို့ ကိုသန်းမင်းကြွယ်တို့ ပုလဲမီးသတ်တွေဆီ အကူအညီ

တောင်းခဲ့ပေမယ့် သူတို့လည်း လူပြည့်နေ လို့ တာဝန်မယူနိုင်ပါဆိုလို့ ဆိုင်ကယ် ကယ်ရီလေးငှားပေးပြီး ရွှေပေါက်ကံ Q centre ကို အကူအညီတောင်းဖို့ ပို့ပေးလိုက်ပါတယ် …ဆက်လက်ပြီးကူညီမယ့်သူပေါ်လာပါစေ။ကိုယ်တတ်နိုင်တဲ့ငွေလေးနဲ့လည်း ကူညီပေးလိုက်ပါတယ်….။တကယ်ကို မျက်ရည်တွေ ကျမိပါတယ်…