က်ိဳက္ထီးရိုးေတာင္ေပၚက အထမ္းသမားမိသားစုေတြကို စားနပ္ရိကၡာ လႉဒါန္းမယ့္ ထူးအယ္လင္း

ထူးအယ္လင္းကေတာ့ ကိုဗစ္ကာလမွာ စားနပ္ရိကၡာခ်ိဳ႕တဲ့မႈ ႀကဳံေနရတဲ့ က်ိဳက္ထီးရိုးေတာင္ေပၚ က အထမ္းသမား မိသားစုဝင္ (၉၀၀) ေက်ာ္အတြက္ စားနပ္ရိကၡာ သြားေရာက္လႉဒါန္းဖို႔ ျပင္ ဆင္ ေနပါၿပီ။ ဒီအလႉအတြက္ သူကိုယ္တိုင္က ေငြက်ပ္(၅) သိန္းမတည္လႉဒါန္းမယ္လို႔ ေျပာပါ တယ္။

” က်ိဳက္ထီးရိုးေတာင္ေပၚမွာ အထမ္းသမားမိသားစု ခ်ိဳ႕တဲ့အိမ္ေထာင္ ၉၀၀ ေက်ာ္ရွိပါတယ္။ အ ထမ္း သမားတစ္အိမ္ေထာင္ကို ဆန္ ၆ ျပည္၊ ၾကာဆံ တစ္ထုပ္၊ ကုလားပဲဝါ ငါးဆယ္သားတစ္ ထုပ္၊ ခုႏွစ္ရက္တစ္ပတ္စာ စားနိုင္တဲ့ ငပိေၾကာ္ထုပ္ တစ္ထုပ္ အစရွိတဲ့ ရိကၡာမ်ားကို က်ိဳက္ထီး ရိုး ေတာင္ေပၚရွိ မွီတင္း

အထမ္းသမားအိမ္ေထာင္ ၉၀၀ ေက်ာ္ကို သြားေရာက္ ေဝမွ်ကူညီပံ့ပိုးပါ မယ္ဗ်။ သြားေရာက္ကူညီရာမွာ ေတာင္ေျခမွ ထိုသူတို႔အိမ္ေထာင္စုကို စာရင္းေကာက္၍ ေခၚယူ ေဝမွ်မွာျဖစ္ပါတယ္။ ကြၽန္ေတာ္မွ စတင္ ငါးသိန္း(၅၀၀,၀၀၀)မတည္ပါမယ္ခင္ဗ်” ဆိုၿပီးေတာ့နို ဝင္ဘာလ (၁၉) ရက္ေန႕ ေန႕လယ္ (၁၁) နာရီေက်ာ္က

သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ ထူးအယ္လင္းအေနနဲ႕ သူ႕ကိုခ်စ္တဲ့ ပရိသတ္ေတြကိုလည္း ကုသိုလ္ရေစခ်င္လို႔ အခုလို အသိေပး ခဲ့ တာလို႔ ဆိုပါတယ္။ ဒီအလႉကိုေတာ့ နိုဝင္ဘာလ (၂၁) ရက္ေန႕မွာ သြားေရာက္ လႉဒါန္းမယ္ လို႔ ထူးအယ္လင္းက ဆက္လက္ ေရးသားခဲ့ပါေသးတယ္။ သူ႕ရဲ႕ ဒီအလႉအတြက္ ပရိသတ္ေတြ

ကလည္း သာဓုေခၚဆိုခဲ့တာကို ေတြ႕ရပါတယ္။ထူးအယ္လင္း(Htoo El Lin)ဟာ လက္ရွိမွာ ဂီတအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကို စြမ္း စြမ္းတမံ လုပ္ေနသူျဖစ္ပါတယ္။ သူ႕အေနနဲ႕ မီးေဘးသင့္ေဒသေတြသာမက ေရေဘးသင့္ေဒ သ ေတြ၊ မီးသၿဂိဳဟ္စက္ လိုအပ္တဲ့ေနရာေတြ၊ လူနာတင္ယာဥ္ လိုအပ္တဲ့

ေနရာေတြမွာလည္း လႉဒါ န္းမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။အဲဒီေနာက္ ဘုရားေစတီတည္ျခင္း၊ ေက်ာင္းေဆာက္လႉဒါန္း ျခင္း၊ စာသင္ေက်ာင္းမ်ားမွာ ရွိတဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးျခင္းျဖင့္ ကုသိုလ္အလႉ ေတြ လုပ္ေလ့ရွိပါတယ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ထူးအယ်လင်းကတော့ ကိုဗစ်ကာလမှာ စားနပ်ရိက္ခာချို့တဲ့မှု ကြုံနေရတဲ့ ကျိုက်ထီးရိုးတောင်ပေါ် က အထမ်းသမား မိသားစုဝင် (၉၀၀) ကျော်အတွက် စားနပ်ရိက္ခာ သွားရောက်လှူဒါန်းဖို့ ပြင် ဆင် နေပါပြီ။ ဒီအလှူအတွက် သူကိုယ်တိုင်က ငွေကျပ်(၅) သိန်းမတည်လှူဒါန်းမယ်လို့ ပြောပါ တယ်။

” ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားမိသားစု ချို့တဲ့အိမ်ထောင် ၉၀၀ ကျော်ရှိပါတယ်။ အ ထမ်း သမားတစ်အိမ်ထောင်ကို ဆန် ၆ ပြည်၊ ကြာဆံ တစ်ထုပ်၊ ကုလားပဲဝါ ငါးဆယ်သားတစ် ထုပ်၊ ခုနှစ်ရက်တစ်ပတ်စာ စားနိုင်တဲ့ ငပိကြော်ထုပ် တစ်ထုပ် အစရှိတဲ့ ရိက္ခာများကို ကျိုက်ထီး ရိုး တောင်ပေါ်ရှိ မှီတင်း

အထမ်းသမားအိမ်ထောင် ၉၀၀ ကျော်ကို သွားရောက် ဝေမျှကူညီပံ့ပိုးပါ မယ်ဗျ။ သွားရောက်ကူညီရာမှာ တောင်ခြေမှ ထိုသူတို့အိမ်ထောင်စုကို စာရင်းကောက်၍ ခေါ်ယူ ဝေမျှမှာဖြစ်ပါတယ်။ ကျွန်တော်မှ စတင် ငါးသိန်း(၅၀၀,၀၀၀)မတည်ပါမယ်ခင်ဗျ” ဆိုပြီးတော့နို ဝင်ဘာလ (၁၉) ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က

သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ထူးအယ်လင်းအနေနဲ့ သူ့ကိုချစ်တဲ့ ပရိသတ်တွေကိုလည်း ကုသိုလ်ရစေချင်လို့ အခုလို အသိပေး ခဲ့ တာလို့ ဆိုပါတယ်။ ဒီအလှူကိုတော့ နိုဝင်ဘာလ (၂၁) ရက်နေ့မှာ သွားရောက် လှူဒါန်းမယ် လို့ ထူးအယ်လင်းက ဆက်လက် ရေးသားခဲ့ပါသေးတယ်။ သူ့ရဲ့ ဒီအလှူအတွက် ပရိသတ်တွေ

ကလည်း သာဓုခေါ်ဆိုခဲ့တာကို တွေ့ရပါတယ်။ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်း စွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေ သ တွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့

နေရာတွေမှာလည်း လှူဒါ န်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်း ခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူ တွေ လုပ်လေ့ရှိပါတယ်။