လိေမၼာ္သီးေရာင္းၿပီး ႐ြာမွာ စာသင္ေက်ာင္းေတြေဆာက္ေပးခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

ဆင္းရဲရင္လက္ေအာက္ခံနိုင္ငံဘဝ_ေရာက္တတ္ပါတယ္_ပညာေရးဟာနိုင္ငံရဲ႕ရင္းႏွီးျမဳပ္ႏွံမႈပါပဲ။စာသင္ေက်ာင္းလႉတယ္ဆိုတာ_နိုင္ငံရဲ႕အနာဂါတ္အတြက္ပါပဲ။အိႏၵိယနိုင္ငံ ကာနာတာကာ ျပည္နယ္မွာေနထိုင္တဲ့ အသက္(၆၈) ႏွစ္အ႐ြယ္ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 𝐇𝐚𝐣𝐚𝐛𝐛𝐚 ဟာ လိေမၼာ္သီးေရာင္းၿပီး ဘဝကိုရပ္တည္ေနတဲ့သူတစ္ဦးျဖစ္ပါတယ္။

သူဟာ အညတရမိသားစုတစ္စုကေနေမြးဖြားလာခဲ့တာျဖစ္ၿပီး မိသားစုအခက္အခဲေတြေၾကာင့္ သူ႕ရဲ႕တရားဝင္ပညာ ေရးကိုၿပီးဆုံးေအာင္ မသင္ခဲ့ရတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ဒါေပမယ့္ ဘဝမွာ ပညာဟာအဓိကအေရးပါတဲ့ေနရာမွာ ရွိေနတာကိုသိတဲ့သူဟာ သူ႕႐ြာမွာရွိတဲ့ကေလးေတြပညာဆက္လက္သင္ယူနိုင္ဖို႔ သူလုပ္ေဆာင္ေပးမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ပါတယ္။

𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဟာ 𝐌𝐚𝐧𝐠𝐚𝐥𝐨𝐫𝐞 ဆိပ္ကမ္းၿမိဳ႕အနီး Newpadapu ႐ြာေလးမွာေနထိုင္ၿပီး ဝင္ေငြထြက္ေငြမွ်တေအာင္ျပဳ လုပ္ဖို႔အတြက္ ၿမိဳ႕ေပၚတက္ၿပီးလိေမၼာ္သီးေရာင္းခ်တဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။တစ္ရက္မွာေတာ့ နိုင္ငံျခားသားခရီးသြားစုံတြဲတစ္တြဲက 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဆီကေန လိေမၼာ္သီးတစ္လုံးဘယ္ေလာက္လဲလို႔ အဂၤလိပ္လိုေမးတဲ့ အခါမွာ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 အေနနဲ႕

နိုင္ငံျခားဘာသာစကားမေျပာတတ္တာေၾကာင့္ သူတို႔ကိုျပန္မျပာနိုင္ခဲ့ပါဘူး။အဲ့ဒီအခ်ိန္မွာ သူဟာအႀကီးအက်ယ္စိတ္ထိခိုက္ မႈေတြရရွိခဲ့ၿပီး ပညာဟာ ဘယ္ေလာက္အထိအေရးပါေၾကာင္း နားလည္သေဘာ ေပါက္ခဲ့ပါတယ္။အဲ့ဒါေၾကာင့္ သူ႕႐ြာမွာရွိတဲ့ကေလးေတြကို ပညာသင္ေပးဖို႔ဆုံးျဖတ္လိုက္တဲ့အခါမွာ သူရင္ဆိုင္ရမယ့္အရာမ်ားစြာ ရွိေနခဲ့ပါတယ္။အဓိကကေတာ့

႐ြာမွာ ေက်ာင္းတစ္ေက်ာင္းမွမရွိတာပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ႐ြာမွာ ေက်ာင္းေဆာက္လုပ္ဖို႔အတြက္ ပိုက္ဆံကိုႀကိဳးစားရွာခဲ့ပါတယ္။ မူလတန္းေက်ာင္းတစ္ေက်ာင္းဖြင့္လွစ္နိုင္ဖို႔အတြက္ သူဟာ လိေမၼာ္သီးေရာင္းရေငြထဲမွ တစ္ေန႕ကို ႐ူပီး(၁၅၀)စုခဲ့ပါတယ္။(၂၀၀၀)ခုႏွစ္မွာေတာ့ သူဟာ မူလတန္းေက်ာင္းတစ္ေက်ာင္းကိုတည္ေဆာက္နိုင္ဖို႔ လုံေလာက္တဲ့

ပိုက္ဆံကို ရရွိခဲ့ပါတယ္။အဲ့ဒီကတည္းက ကေလးေတြဟာ ေက်ာင္းကိုစတင္တက္ေရာက္နိုင္ခဲ့ၿပီး အခုဆိုရင္ ေက်ာင္းသားဦးေရ ပိုမ်ားလာခဲ့ၿပီျဖစ္ပါတယ္။ သူဟာ ေခ်းေငြထုတ္ေခ်းၿပီး ေက်ာင္းတည္ေဆာက္ မယ့္ ေျမကိုဝယ္ယူခဲ့တာျဖစ္တယ္လို႔ 𝐍𝐃𝐓𝐕 သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။ေဒသခံေတြ၊ အာဏာပိုင္ေတြဆီကေန ေထာက္ပံ့ေၾကးတစ္ခုမွမယူပဲ မူလတန္းေက်ာင္း

တစ္ေက်ာင္းကို သူ႕ရဲ႕အင္အား နဲ႕တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ပရဟိတအဖြဲ႕အနည္းငယ္ဆီကေန ေထာက္ပံ့မႈကိုလက္ခံခဲ့ပါ တယ္။အဲ့ဒီေနာက္ ရန္ပုံေငြရွာေဖြဖို႔အတြက္ ေန႕ေရာညပါအလုပ္လုပ္ၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဟာ အသက္(၁၀)ႏွစ္ကေန(၁၄)ႏွစ္အတြင္းရွိတဲ့ေက်ာင္းသားေတြအတြက္ အထက္တန္းေက်ာင္းတစ္ေက်ာင္းကို

ထပ္မံဖြင့္လွစ္နိုင္ခဲ့ပါတယ္။ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဟာ ေက်ာင္းအတြက္ လိုအပ္တဲ့အရာအားလုံးကို တတ္နိုင္သမွ် သူ႕တစ္ေယာက္တည္းရဲ႕အင္အားနဲ႕ လုပ္ေဆာင္ခဲ့ပါတယ္။ အဲ့လိုကိုယ္က်ိဳးမၾကည့္ပဲလုပ္ေဆာင္ခဲ့လို႔လည္း (၇၁)ႀကိမ္ေျမာက္ အမ်ိဳးသားေန႕မတိုင္ခင္မွာ ျပည္ထဲေရးဝန္ႀကီးဌာနကဖုန္းတစ္ခုကိုလက္ခံရရွိခဲ့တာပဲျဖစ္ပါတယ္။

အဲတာကေတာ့ သူ႕ကို 𝐏𝐚𝐝𝐦𝐚 𝐒𝐡𝐫𝐢 ဆုခ်ီးျမႇင့္ ခံရေၾကာင္း ဝန္ႀကီးဌာနကအေၾကာင္းၾကားခဲ့တာပဲျဖစ္ပါတယ္။အဆိုပါဆုဟာ အိႏၵိယအစိုးရကေပးတဲ့ အျမင့္ဆုံးအရပ္ဘက္ဆုပဲျဖစ္ပါတယ္။အစိုးရကို ကြၽန္ေတာ္တို႔႐ြာမွာ ေကာလိပ္တက္ခြင့္ရဖို႔ေတာင္းဆိုခဲ့သလို ေကာလိပ္ေက်ာင္းေဆာက္လုပ္နိုင္ဖို႔လည္း ပိုက္ဆံေတြကိုစတင္စုေဆာင္းေနၿပီျဖစ္တယ္လို႔ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ကေျပာျပခဲ့ပါတယ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ဆင်းရဲရင်လက်အောက်ခံနိုင်ငံဘဝ_ရောက်တတ်ပါတယ်_ပညာရေးဟာနိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှုပါပဲ။စာသင်ကျောင်းလှူတယ်ဆိုတာ_နိုင်ငံရဲ့အနာဂါတ်အတွက်ပါပဲ။အိန္ဒိယနိုင်ငံ ကာနာတာကာ ပြည်နယ်မှာနေထိုင်တဲ့ အသက်(၆၈) နှစ်အရွယ် 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 𝐇𝐚𝐣𝐚𝐛𝐛𝐚 ဟာ လိမ္မော်သီးရောင်းပြီး ဘဝကိုရပ်တည်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူဟာ အညတရမိသားစုတစ်စုကနေမွေးဖွားလာခဲ့တာဖြစ်ပြီး မိသားစုအခက်အခဲတွေကြောင့် သူ့ရဲ့တရားဝင်ပညာ ရေးကိုပြီးဆုံးအောင် မသင်ခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် ဘဝမှာ ပညာဟာအဓိကအရေးပါတဲ့နေရာမှာ ရှိနေတာကိုသိတဲ့သူဟာ သူ့ရွာမှာရှိတဲ့ကလေးတွေပညာဆက်လက်သင်ယူနိုင်ဖို့ သူလုပ်ဆောင်ပေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။

𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဟာ 𝐌𝐚𝐧𝐠𝐚𝐥𝐨𝐫𝐞 ဆိပ်ကမ်းမြို့အနီး Newpadapu ရွာလေးမှာနေထိုင်ပြီး ဝင်ငွေထွက်ငွေမျှတအောင်ပြု လုပ်ဖို့အတွက် မြို့ပေါ်တက်ပြီးလိမ္မော်သီးရောင်းချတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ နိုင်ငံခြားသားခရီးသွားစုံတွဲတစ်တွဲက 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဆီကနေ လိမ္မော်သီးတစ်လုံးဘယ်လောက်လဲလို့ အင်္ဂလိပ်လိုမေးတဲ့ အခါမှာ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 အနေနဲ့

နိုင်ငံခြားဘာသာစကားမပြောတတ်တာကြောင့် သူတို့ကိုပြန်မပြာနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာ သူဟာအကြီးအကျယ်စိတ်ထိခိုက် မှုတွေရရှိခဲ့ပြီး ပညာဟာ ဘယ်လောက်အထိအရေးပါကြောင်း နားလည်သဘော ပေါက်ခဲ့ပါတယ်။အဲ့ဒါကြောင့် သူ့ရွာမှာရှိတဲ့ကလေးတွေကို ပညာသင်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ သူရင်ဆိုင်ရမယ့်အရာများစွာ ရှိနေခဲ့ပါတယ်။အဓိကကတော့

ရွာမှာ ကျောင်းတစ်ကျောင်းမှမရှိတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ရွာမှာ ကျောင်းဆောက်လုပ်ဖို့အတွက် ပိုက်ဆံကိုကြိုးစားရှာခဲ့ပါတယ်။ မူလတန်းကျောင်းတစ်ကျောင်းဖွင့်လှစ်နိုင်ဖို့အတွက် သူဟာ လိမ္မော်သီးရောင်းရငွေထဲမှ တစ်နေ့ကို ရူပီး(၁၅၀)စုခဲ့ပါတယ်။(၂၀၀၀)ခုနှစ်မှာတော့ သူဟာ မူလတန်းကျောင်းတစ်ကျောင်းကိုတည်ဆောက်နိုင်ဖို့ လုံလောက်တဲ့

ပိုက်ဆံကို ရရှိခဲ့ပါတယ်။အဲ့ဒီကတည်းက ကလေးတွေဟာ ကျောင်းကိုစတင်တက်ရောက်နိုင်ခဲ့ပြီး အခုဆိုရင် ကျောင်းသားဦးရေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ချေးငွေထုတ်ချေးပြီး ကျောင်းတည်ဆောက် မယ့် မြေကိုဝယ်ယူခဲ့တာဖြစ်တယ်လို့ 𝐍𝐃𝐓𝐕 သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒေသခံတွေ၊ အာဏာပိုင်တွေဆီကနေ ထောက်ပံ့ကြေးတစ်ခုမှမယူပဲ မူလတန်းကျောင်း

တစ်ကျောင်းကို သူ့ရဲ့အင်အား နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပရဟိတအဖွဲ့အနည်းငယ်ဆီကနေ ထောက်ပံ့မှုကိုလက်ခံခဲ့ပါ တယ်။အဲ့ဒီနောက် ရန်ပုံငွေရှာဖွေဖို့အတွက် နေ့ရောညပါအလုပ်လုပ်ပြီးနောက် နောက်ဆုံးမှာတော့ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဟာ အသက်(၁၀)နှစ်ကနေ(၁၄)နှစ်အတွင်းရှိတဲ့ကျောင်းသားတွေအတွက် အထက်တန်းကျောင်းတစ်ကျောင်းကို

ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ဟာ ကျောင်းအတွက် လိုအပ်တဲ့အရာအားလုံးကို တတ်နိုင်သမျှ သူ့တစ်ယောက်တည်းရဲ့အင်အားနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ အဲ့လိုကိုယ်ကျိုးမကြည့်ပဲလုပ်ဆောင်ခဲ့လို့လည်း (၇၁)ကြိမ်မြောက် အမျိုးသားနေ့မတိုင်ခင်မှာ ပြည်ထဲရေးဝန်ကြီးဌာနကဖုန်းတစ်ခုကိုလက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။

အဲတာကတော့ သူ့ကို 𝐏𝐚𝐝𝐦𝐚 𝐒𝐡𝐫𝐢 ဆုချီးမြှင့် ခံရကြောင်း ဝန်ကြီးဌာနကအကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဆုဟာ အိန္ဒိယအစိုးရကပေးတဲ့ အမြင့်ဆုံးအရပ်ဘက်ဆုပဲဖြစ်ပါတယ်။အစိုးရကို ကျွန်တော်တို့ရွာမှာ ကောလိပ်တက်ခွင့်ရဖို့တောင်းဆိုခဲ့သလို ကောလိပ်ကျောင်းဆောက်လုပ်နိုင်ဖို့လည်း ပိုက်ဆံတွေကိုစတင်စုဆောင်းနေပြီဖြစ်တယ်လို့ 𝐇𝐚𝐫𝐞𝐤𝐚𝐥𝐚 ကပြောပြခဲ့ပါတယ်။