ညီမဖြစ်သူရဲ့မွေးနေ့ပွဲကျိန်စာဆိုးကြီးကိုကျော်လွှားဖို့ နေမာကို ခွင့်သီးသန့်ပေးမယ့် ပိုချက်တီနို

ပီအက်စ်ဂျီကိုကိုင်တွယ်တဲ့အချိန်မှာ သူများနည်းပြတွေနဲ့မတူတဲ့ ကိစ္စရပ်တခုကို ပိုချက်တီနိုစဉ်းစားနေရပါတယ်။ သူ့ရဲ့ကစားသမား နေမာအတွက်သီးသန့်ခွင့်တခုပေးဖို့ စီစဉ်နေတာဖြစ်ပြီး၊ တခြားအသင်းတွေမှာမရှိတတ်တဲ့ ခွင့်ပုံစံပါ။ နေမာကို သူ့ညီမမွေးနေ့ပွဲသွားဖို့အတွက် အသင်းရဲ့ဘယ်ကစားသမားကိုမှ မပေးတဲ့ခွင့်ပုံစံတခုပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နေမာရဲ့ညီမမွေးနေ့ကျိန်စာဆိုးက (၂၀၁၅)ခုနှစ်လောက်က၂၀၁၇တင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ မတ်ချ်လ ၁၁ ရက်နေ့လောက်ပတ်ချာလည်မှာ နေ့မာရဲ့ညီမ ရာဖယ်လာ ဆန်းတို့စ်ရဲ့မွေးနေ့က ကျရောက်တတ်ပါတယ်။ နေမာက သူ့ညီမမွေးနေ့ရှိတိုင်း ဘရာဇီးလ်ကိုပြန်လေ့ရှိပြီး၊ ညီမနဲ့အတူတူ မွေးနေ့ပွဲဆင်နွဲတတ်ပါတယ်။ ဘာစီလိုနာမှာရှိတုန်းကဆိုရင် တမင်ကိုရအောင်ပြန်တာပါ။ …

Read More

သေသေချာချာကြည့်မှသာ အမှန်ကိုသိနိုင်တဲ့ မီးလျှံလေလားအမြင်လှည့်စားမှုပုံရိပ်နှင့်အခြား ဓာတ်ပုံများ

အမြင့်လှည့်စားမှုဆိုတာ ကြည့်တဲ့သူအပေါ်မှာ မူတည်ပါတယ်။ တစ်ခါတလေမှာ ပုံရိပ်တွေဟာ အနီးအနားက ပတ်ဝန်းကျင်နဲ့သော်လည်းကောင်း၊ အလင်းအမှောင်အရိပ်အယောင်အရ သော်လည်းကောင်း၊ ဓာတ်ပုံတွေဖြစ်နေပါက ဓာတ်ပုံဆရာရဲ့ ပညာအစွမ်းကြောင့်သော်လည်းကောင်း ရုတ်တရက်ကြည့်ရင် ဘာလဲဆိုပြီး ဇဝေဇဝါဖြစ်စေနိုင်ပါတယ်။ အခု ဖော်ပြချင်တဲ့ပုံတွေကတော့ အမြင်လှည့်စားမှုကြောင့် သေသေချာချာကြည့်မှ အမှန်ကိုသိနိုင်တဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ (၁) အနီးကပ်ရိုက်လိုက်တော့ … ဧရာမ ဝက်ပေါင်ခြောက်ကြီးဖြစ်သွားရော (၂) အရှိလို့ထင်ရတဲ့ မရှိခြင်းတရား …

Read More

ဂိုးတိုင်နားမှာမဆင်မခြင် သေးသွားပေါက်ခဲ့လို့ ပွဲပယ်ခံခဲ့ရတဲ့ နည်းပြ

ဖောရက်စ်ရိန်းဂျားဆိုတဲ့ ဇင်ဘာဘွေ စူပါလိဂ်အသင်းက ဂိုးနည်းပြ တဦးဟာ ပွဲပြယ်ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ ပရစ်ဆန်လီယိုပတ်ဆိုတဲ့အသင်းနဲ့ မကန်ခင်မှာ ဂိုးတိုင်နားကို သေးသွားပေါက်ခဲ့လို့ဖြစ်ပြီး၊ ဒီဖြစ်ရပ်ကို သိခဲ့တဲ့ ဇင်ဘာဘွေဘောလုံးအဖွဲ့ချုပ်က နည်းပြကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဖြစ်ရပ်ကဒုတိယပိုင်းစခါနီးအချိန်မှာ ဂိုးနည်းပြ ချားလက်စ်က ဂိုးတိုင်နားကိုသွားပြီး၊ ဘာမှန်းမသိတဲ့ အရည်တွေဖြန်းခဲ့ပါတယ်။ နောက်တော့ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ပြိုင်ဘက်အသင်းဂိုးသမားနေရာယူရမယ့်ဂိုးတိုင်နားကို သွားကာ တိုင်အကွယ်လေးမှာ သေးပေါက်ခဲ့တာပါ။ ဒီဖြစ်ရပ်ကို ပရိသတ်ထဲကတယောက်က ဖုန်းနဲ့မှတ်တမ်းယူထားနိုင်ခဲ့ပါတယ်။ …

Read More

လမ်းဘေးမှာဈေးရောင်းကာ ဝမ်းရေဖြေရှင်းနေရတဲ့ သူတွေကို အာဟာရဒါနပြုအလှူလေးပြုလုပ်ခဲ့တဲ့ ဆီနွန်

ပရိသတ်ကြီးရေ ဆီနွန်ကတော့ ဒီနေ့ ဇန်နဝါရီလ (၁၇)ရက်နေ့မှာ အာဟာရဒါနပြုတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဆီနွန်က ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပေမဲ့ မြန်မာနိုင်ငံကို အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ ရောက်ရှိနေခဲ့တာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိနေခဲ့ပြီး အလှူအတန်းတွေကိုလည်း မရေမတွက်နိုင်လောက်အောင်ကို ပြုလုပ်နေခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ငယ်စဉ်က ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာကြောင့် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ သူတွေကို တတ်နိုင်သလောက်လိုက်လံကူညီနေခဲ့တာပါ။ ဒီနေ့မှာလည်း ရန်ကုန်မြို့ရဲ့ လမ်းဘေးတွေမှာ …

Read More

ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားတဲ့ မိန်းကလေးတွေရဲ့ စရိုက်လက္ခဏာ(၄)ခု

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် တည်ဆောက်တတ်တဲ့ မိန်းကလေးတွေက သာမာန်မိန်းကလေးတွေနဲ့ မတူပဲ တစ်မူထူးခြားနေတတ်ပါတယ်နော်။ သူတို့တွေဟာ ကိုယ့်ကိုယ်ကို အလေးထားတတ်ကြသလို သူတို့ရဲ့ ခံယူချက်တွေကြောင့်လည်း အများက စိတ်ဝင်စားစားခြင်းကို ခံကြရသူတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားတဲ့ မိန်းကလေးတွေဆီမှာ ဒီလိုစိတ်ထားလေးတွေကို တွေ့ရတတ်ပါတယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ် ဒီလိုမိန်းကလေးတွေက သူများကို အားကိုးရတဲ့အလုပ်မျိုးကို လုံးဝမကြိုက်တတ်ကြပဲ ဘာမဆို …

Read More

မိဘတွေအတွက် ဂုဏ်ယူစရာသမီးတစ်ယောက်ဖြစ်နေပြီဆိုတာ ဖော်ပြနေတဲ့ အချက်(၄)ချက်

ဘယ်လိုမိဘမဆို ကိုယ်မွေးထားတဲ့သားသမီးကိုတော့ ချစ်ကြမှာပါပဲ။ ဒါပေမဲ့ သားသမီးတိုင်းကိုတော့ မိဘတွေဟာ ဂုဏ်မယူတတ်ကြပါဘူး။ ချစ်လည်းချစ်၊ ဂုဏ်လည်းယူရတဲ့ သမီးလေးတွေဟာ ဘယ်လိုမိန်းကလေးတွေမျိုးလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။ (၁) အမှီခိုကင်းတဲ့မိန်းကလေး ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ် တာဝန်ယူနိုင်ပြီးတော့ စားဝတ်နေရေးအတွက် ဘယ်သူ့အပေါ်မှာမှ မှီခိုစရာမလိုပဲ ကိုယ်ပိုင်ဝင်ငွေနဲ့ကိုယ် လိပ်ပြာသန့်သန့်နဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးမျိုးပါ။ အခုခေတ်မှာ မိဘတွေဂုဏ်ယူဖို့ လင်ကောင်းသားကောင်းရရမယ်ဆိုတဲ့ အတွေးအခေါ်ကြီးက ပြောင်းလဲသွားပါပြီ။ (၂) ရဲဝံ့ပြီးသတ္တိရှိတဲ့မိန်းကလေး …

Read More

လုပ်ငန်းခွင်ထဲမှာ သင့်ကို အခက်တွေ့စေနိုင်မယ့် သင့်ရဲ့ အမူအကျင့်(၅)မျိုး

အလုပ်ရှိတဲ့ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝဟာ ကိုယ်အလုပ်လုပ်ရာ လုပ်ငန်းခွင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဟာ သူတို့နေ့စဉ်ဘဝရဲ့ လေးပုံ သုံးပုံကို လုပ်ငန်းထဲမှာပဲ အချိန်ကုန်နေရတာကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ငန်းခွင်နဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေ၊ အပြုအမူအပြောအဆိုပုံစံတွေဟာ တော်တော်လေးကို အရေးကြီးပါတယ်။ တစ်ချို့လူတွေကတော့ ကိုယ်ပြုမူပြောဆိုနေကျ ပုံစံတွေ၊ အိမ်မှာနေတဲ့ ပုံစံတွေအတိုင်း ရုံးမှာ ပြုမူနေထိုင်ကြပါတယ်။ အဲဒီလိုနေတာဟာ …

Read More

အင်ဒိုလေယာဉ်ပျက်ကျရခြင်းအကြောင်း သက်ဆိုင်ရာကထုတ်ပြန်ချက် အငြင်းပွားစရာဖြစ်နေ

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၉)ရက်က ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့တဲ့ Sriwijaya Air flight 182 လေယာဉ်ဟာ အင်ဂျင်စက်ချို့ယွင်းခြင်းကြောင့် ပျက်ကျတာမဟုတ်ကြောင်း သက်ဆိုင်ရာ ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ပင်လယ်ရေအောက်ကနေ ပြန်လည်တွေ့ရှိခဲ့တဲ့ အချက်အလက်တွေ၊ Black Box ရဲ့ စစ်ဆေးချက်တွေအရ ဒီထုတ်ပြန်ချက် ထွက်လာခဲ့တာပါ။ လေယာဉ်ဟာ စတင်ပျံသန်းချိန်မှ ပင်လယ်ရေအောက်ကို ရောက်သွားချိန်ထိ တပ်စင်ထားတဲ့စက်နှစ်လုံးမှာ အကောင်းပကတိ ရှိနေတယ်လို့ …

Read More

ဒလအမှိုက်ပုံမှာ စွန့်ပစ်ခံရတဲ့ သားလေးကို ကုန်းတစ်တန်ရေတစ်တန်နဲ့ အောင်မြင်စွာသွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ဒီနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့မှာ သူ့ရဲ့ ဂေဟာမှာ (၄၄)ယောက်မြောက်အနေနဲ့ မွေးစားမယ့် ကလေးငယ်လေးကို သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ ဒီနေ့မှာ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ (၄၄)ယောက်မြောက်သားလေးကတော့ ဒလအမှိုက်ပုံမှာ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ဒလအထိ ကုန်းတစ်တန် ရေတစ်တန်နဲ့ ကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း “ကလေးက ပေါင် မပြည့်ပဲ …

Read More

သင့်ရဲ့ ချစ်သူဟောင်းကို သင်လုံးဝမေ့နိုင်ပြီဆိုတာ ဖော်ပြနေတဲ့ အချက်(၅)ချက်

အသည်းကွဲစ၊ လမ်းခွဲစမှာတော့ သူ့ကိုကိုယ် ဘယ်တော့မှ မေ့လို့ရနိုင်မှာမဟုတ်ဘူးလို့ ထင်မိကောင်းထင်မိဖူးမှာပါ။ ဒါပေမယ့် ဒဏ်ရာတိုင်းကို အချိန်ကကုစားသွားတာဖြစ်လို့ သင်ထင်မှတ်မထားတဲ့ အချိန်မှာပဲ သူ့ကိုမေ့လို့ရသွားတာမျိုး ဖြစ်သွားတတ်ပါတယ်။ သင့်ဆီမှာ ဒီအချက်တွေသာ တွေ့နေရပြီဆိုရင်တော့ သင်ဟာ သင့်ရဲ့ ex ကို လုံးဝမေ့နိုင်ပြီဆိုတာ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်နဲ့ အိပ်ရာကနိုးတဲ့အချိန်မှာ သူ့ကိုစိတ်ထဲရှိမနေဘူး တော်တော်များများသော သူတွေက ကိုယ်ချစ်ရတဲ့သူအကြောင်းကို အိပ်ခါနီးအချိန်နဲ့ …

Read More